လူရှာထွက်ခြင်း

by The Call
62 views
“လူရှာထွက်ခြင်း”
◼️ခန့်ဝေး
မျိုးသန့်ဇင်ဟိန်းကို တွေ့မိကြသေးလား
မျိုးသန့်ဇင်ဟိန်း ၊ အေး ဟုတ်တယ် မျိုးသန့်ဇင်ဟိန်းကို … အင်း ဟုတ်တယ် ဟုတ်တယ် သွားတက်ကလေးနဲ့ ရယ်ရင်ပဲဖြစ်ဖြစ် စကားပြောရင်ပဲဖြစ်ဖြစ် သိသာတယ် နောက်ပြီးတော့ စကားပြောရင်လည်းအေးအေးလူလူရှိတယ်။ ခင်ဗျားတို့တော့ ဘယ်လိုထင်လဲမသိဘူး ကျနော်တော့ အဲဒါကို သိမ်မွေ့တယ်လို့ထင်တယ်။ အင်း ဟုတ်တယ် အရပ်က ငါးပေခြောက်လောက်ရှိမယ်၊ ဟုတ်တယ်ဟုတ်တယ် ပိန်တာလည်းမဟုတ်သလို ဝတာလည်းမဟုတ်ပြန်ဘူး မဆိုးဘူး၊ သူ့ကို စစ်ယူနီဖောင်းနဲ့ ကျနော်မြင်ဖူးတယ် အတော်စမတ်ကျတယ််၊ ဒါနဲ့ နေပါဦး သူ့ဇာတိက ဘာပါလိမ့်၊ သြော် ရေဦးက ဟုတ်တယ် ရေဦးက တပ်မဟာ (၈) မှာ၊ ကျနော်တို့ ခရီးထွက်ရတော့မယ်ဆိုတော့ ကျနော်တို့တဲက မိုးကာကို ယူဖို့တဲ့ ကျနော်တို့ ထွက်သွားတော့မယ့်အချိန်ထိ သူ ထိုင်စောင့်နေသေးတာ ၊ ကျနော်တောင် သူ့ကိုပြောလိုက်သေးတယ် ၊ ထိုင်စောင့်နေစရာမလိုပါဘူး၊ ကျနော်တို့သွားရင် ခင်ဗျားကို လှမ်းခေါ်လိုက်မှာပေါ့ဆိုပြီး ၊ ဟုတ်တယ် အဲဒီတုန်းက မှတ်မှတ်ရရ မိုးရွာပြီးစ ညနေခင်းကြီးမှာ ကျနော် သူ့ကိုနောက်ဆုံးတွေ့လိုက်တာပဲ၊ ခင်ဗျားတို့ရော တွေ့မိကြသေးလား၊ ဟုတ်တယ်လေ၊ မျိုးသန့်ဇင်ဟိန်းလေ အင်း ဟုတ်တယ် မျိုးသန့်ဇင်ဟိန်းတဲ့၊ ဒါနဲ့နေပါဦး လိုင်းပေါ်မှာရောတွေ့မိကြသေးလား၊ နောက်ဆုံး သူဘာတွေတင်ထားသေးလဲ သူဘယ်ရောက်နေပြီတဲ့လဲ ဟင်၊ မတွေ့မိကြဘူးလား ၊ အေးလေ ဟုတ်တယ် မျိုးသန့်ဇင်ဟိန်းကို၊ သြော် ကျနော်ကလည်း မေ့တတ်ရန်ကော
ဒီကောင်မှ မရှိတော့တာ …။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment