အထူးပင် ဝမ်းနည်း ကြေကွဲရပါသည်

by The Call
89 views
“အထူးပင် ဝမ်းနည်း ကြေကွဲရပါသည်”
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ပြင်းထန် ဆိုးရွားလှသည့် ငလျင်ကြီးကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးရ၊ လူပေါင်းများစွာ ထိခိုက် ဒဏ်ရာရ၊ သမိုင်းအမွေအနှစ် အဆောက်အဦးများ၊ ဘာသာရေး အဆောက်အဦးများ၊ စီးပွားရေးလုပ်ငန်းများ ထိခိုက် ပျက်စီး ဆုံးရှုံးရသည့်အတွက် The Call ဝိုင်းတော်သားများအနေဖြင့် အထူးပင် စိတ်ထိခိုက် ကြေကွဲ ဝမ်းနည်းရပါသည်။
ပူဆွေးသောက ရောက်နေကြရသူ ကာယကံရှင်များနှင့် အတူတကွ The Call ဝိုင်းတော်သားများက ရင်နှင့်အမျှ ခံစားရလျက်ရှိပါကြောင်း လေးနက်စွာ အသိပေးလိုပါသည်။
စိတ်နှလုံး ညှိုးချုံးဖွယ် အခြေအနေဆိုးကြီးမှ အမြန်ဆုံး ရုန်းထနိုင်ကြပြီး ပြန်လည် ထူမတ် တည်ဆောက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။
■ The Call ဝိုင်းတော်သားများ

Author

  • The Call

    "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။
    နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။
    စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment