11
မြရဲလွင်(ဝေးလွင့်ငှက်)
‘အနုသုခုမ’
ဂန္ထဝင်ဂီတကို ဆိုညည်း
ဇာတ်စုံလှတဲ့ ဘဝကပွဲမှာ…
ကျွန်တော်က ရုပ်သေးလူ…
မခင်သူဇာ…
ကျွန်တော်ဟာ
ခြေ၊လက်၊ခေါင်းချိုး ဟန်အမျိုးမျိုးနဲ့
နိုင်ရာဇာတ်ခန်း ကနေရပေမဲ့
ဩဘာသံတွေမကြားနိုင်တဲ့ ရုပ်သေးလူ…
တိတ်ဆိတ်မှုနဲ့ ဆိုညည်းတယ်၊
တိတ်ဆိတ်မှုနဲ့ကခုန်တယ် ”မမောနိုင်မပန်းနိုင်ပါပဲ”
သံယောဇဉ်ကြိုးတွေက ကျွန်တော့် ခန္ဓာကိုယ်မှ ဖောက်ထွက် လူးလွန့် လို့။
