
‘အလျှံညီးညီး မီးပုံကြီးပေါ်သို့ ဘယ်သို့သော နှင်းပွင့် တပွင့်မျှ မကျရောက်နိုင်’

(၀.၁)
ပြာပုံမှ ပြာပုံသို့ ဆိုတဲ့ဆိုင်းဘုတ်တွေ့လျှင်
ရှေ့တည့်တည့် ချိုးလိုက်ပါ
(၀.၂)
ဗုံးခွက်ရာ
(မိုင်းဆွဲတိုက်ခိုက်ထားသောကြောင့်
ပေါက်ကွဲထားသောချိုင့်ခွက်များ)ထဲ
နှစ်ဆယ့်နှစ်ဘီးကားတစီး နစ်မြုပ်သည်အထိ
နစ်ဝင်ကျွံကျပုံကို မြင်ရပြီ
(၀.၃)
ဖုန်မှုန့်တလိမ်းလိမ်းနဲ့ လမ်းမများတွင်လည်း
အရောင်မသိသောသဲများ
လူးလွန့်လှုပ်ရှားလျက်ရှိပါသည်
(၀.၄)
ဆောင်းဦးပေါက်လို့မြစ်မကောခင်
စစ်နှင့်ငြိမ်းချမ်းရေးတအုပ် ပြီးအောင်
ဖတ်ရမည်လို့ သူမမြင်
(၀.၅)
ပင်ချင်းယှက်တွယ်နေသော
ထန်းပင်များအား ဦးခိုက်ရန်တွေ့သူမှာ
အေးခဲနေတဲ့စည်ဘီယာစုပ်နေသူတဦး
(၀.၆)
နေရောင်နှင့်နမ်းလုနီးနီး
လမ်းသွယ်တလျှောက်က နေကြာပန်းများမှာ
တပွင့်တည်းမဟုတ်သောလှပခြင်းနှင့်
ခိုက်ခိုက်တုန်ခါနေပုံကို ကိုယ်တွေ့ခဲ့ပေါ့
(၀.၇)
ညီမလေးရေ
အရာရာဟာ သုသာန်တစပြင် ဆိုပေမဲ့
လာခဲ့တုန်းကအတ္တတွေနဲ့အတူတူ
မင်းမပါဘဲ အိမ်မပြန်ရဲဘူး
ဒီလိုနဲ့
ကိုကိုဟာ အလံနှစ်လက်ကိုကျောမှာလွယ်လို့
လမ်းလျှောက်ရင်း လွမ်းခဲ့တယ်။
(ကဗျာခေါင်းစဉ်
*ဆရာဇော်ဇော်အောင်မြန်မာပြန်သည့်
ဆရာKakuan၏ကဗျာစာသား။)
Be the first to comment