၁၀ ရက်​နေ့မှာ တိတ်ဆိတ်​ပေးပါ

အာဇက်

by The Call
“၁၀ ရက်​နေ့မှာ တိတ်ဆိတ်​ပေးပါ”
◾️အာဇက်
အ​မေ
ကျ​နော်တို့ ခရီးနှင်တယ်ဆိုတာ
လှည့်ပြန်ဖို့မှ မဟုတ်တာ။
ကျ​နော်တို့ နှလုံးသားတိုင်းက ပစ်တဲ့ ဒုံးကျည်​
ဘယ်အချိန် မှန်မလဲ မသိဘူး။
​လူရိုင်း​မောင်းတဲ့ ငှက်ဆိုးတွေ ဝဲ​နေတာ,အခါခါ။
အ​မေ
ကျ​နော်တို့ ခရီးနှင်တယ်ဆိုတာ
လှည့်ပြန်ဖို့မှ မဟုတ်တာ။
နှင်းမိုး​တွေ ရွာ​နေရင်
အ​နွေး​ဆောင်သူဟာ သင်ကိုယ်တိုင်ပါပဲ ဆိုသလို
ကျ​နော်တို့ နှလုံးသား အချင်းချင်း မီးလှုံ​နေကြပါတယ်။
မြို့​ပေါ် အိမ် ဝပ်ကျင်း​လေးထဲမှာသာ
လှဲ​လျောင်း​သေဆုံးရမည့်
အ​တောင်ပံပါတဲ့ ငှက်​တွေဟာ ကျ​နော်တို့လားလို့ စဉ်းစားမိ​တော့
မဟုတ်ပါဘူး အ​မေ။
ကို​တေဇာစန်း ကို ကျ​နော်​တွေ့တယ်။
ကိုနန်းလင်း လဲ လာတယ်။
ကိုခန့်​ဝေဖြိုး လဲ ​လာတယ်။
ကျ​နော်တို့ ရဲရဲဆိုခဲ့ဖူးတဲ့ တို့အ​ရေး​တွေနဲ့
မြို့ပြဟာ ​သွေးလန့်နိုးထကုန်ပြီ။
​ကျ​နော် ခံယူထားတယ် အ​မေ။
ကိုယ်သာ လှည့်မပြန်ဘူးဆို
ဘယ်​တော့မှ သုညဖြစ်စရာ အ​ကြောင်းမရှိ။
ကျ​နော်တို့ ​ကြွေး​ကြော်သံ​တွေဟာ
​လေထဲမှာ ​ဆူညံရုံ ရွတ်ခဲ့တာမှ မဟုတ်တာ။
​သေနတ်ရှိရုံနဲ့ နိုင်တယ်ဆိုတဲ့ ဆင်ရိုင်းကို
အမှန်တရားက ကျုံးသွင်းတဲ့ပွဲပါ။
နှလုံးသားရှိသူ​တွေ ဉာဏ်နဲ့ အနိုင်တိုက်ရမည့် ပွဲပါ။
ခါးသီးနေ့ရက် ဖြတ်​ကျော်ရင်းနဲ့
ကျ​နော်တို့ ဆက်​လျှောက်​နေမှာ အ​မေ။
ကျ​နော်တို့ ခရီးနှင်တယ်ဆိုတာ
လှည့်ပြန်ဖို့မှ မဟုတ်တာ။ ။
(၅၊ ၁၂၊ ၂၀၂၅)

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment