“The Call ရဲ့ မနက်စာ”
-၂၀၂၄ ဇူလိုင် ၁၇ ဗုဒ္ဓဟူးနေ့ –
■ မနက်ခင်းအတွေး
သမိုင်းမှာ “တကယ်လို့ အဲဒီလိုသာဆိုရင်” “What if?” ဆိုတဲ့မေးခွန်း မရှိဘူးလို့ သမိုင်းဆရာကြီးတွေ သင်ပြတာ မှတ်သားခဲ့ဖူးပါတယ်။
ဥပမာ – “ဒုတိယကမ္ဘာစစ်သာ မဖြစ်ခဲ့ဘူးဆိုရင်” ဆိုတာမျိုးပေါ့။
ဥပမာ -“ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေသာ လုပ်ကြံမခံခဲ့ရရင်” ဆိုတာမျိုးပေါ့။
ဥပမာ – “၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မအလသာ အာဏာမသိမ်းခဲ့ဘူးဆိုရင်” ဆိုတာမျိုးပေါ့။
တခြား What if? တွေအတွက်တော့ ကိုယ်တိုင်လည်း အဖြေမသိလှပါဘူး။ ဒါပေမယ့် နောက်ဆုံး ဥပမာဖြစ်တဲ့ မအလသာ အာဏာမသိမ်းခဲ့ဘူးဆိုရင် ဆိုတာကိုတော့ ကောင်းကောင်းကြီး သိထားပါတယ်။
မအလသာ အာဏာမသိမ်းခဲ့ရင် နိုင်ငံနဲ့လူမျိုးဟာ အခုလောက်ထိ စုတ်ပြတ်သတ်နေမှာ မဟုတ်ဘူးဆိုတာ သိပ်သေချာပါတယ်။ အကောင်းကို ဘယ်လောက်ကောင်းနေသလဲ ဆိုတာပဲ တိုင်းတာဖို့ရှိမှာပါ။
အဲဒီလောက် ရှင်းနေတဲ့ကိစ္စကို ဘယ်သူ့ကို လက်ညှိုးထိုး တရားခံ ရှာချင်နေသေးတာလဲလို့ မေးချင်တာ လျှာကို ယားနေတာပဲ။
ဘယ်သူ့ကို မေးချင်တာလဲဆိုတော့ မအလသနားမှ ဖြစ်ဖြစ်မြည် မဲဆန္ဒနယ် မစို့မပို့မှာ နေရာရမယ့် တရုတ် ပြေး ဖက် နိုင်ငံရေးပါတီတွေကို အဓိက မေးချင်တာပါပဲ။
သူတို့ကိုပြောချင်တယ်လို့ တွေးမိတာကတော့ “မကူညီချင်နေ မနှောင့်ယှက်ကြပါနဲ့။ ခင်ဗျားတို့ ပါပါ မပါပါ နွေဦးက သူ့ အလှ သူ့ရနံ့ သူ့ဖာသာ တောက်ပ မွှေးပျံ့စေပါလိမ့်မယ်။”
12
previous post