
‘ဘယ်မှာလဲ J Me ၊ ဘယ်မှာလဲ စိုင်းစိုင်းခမ်းလှိုင်’

မန်းလေးမှာ အသက် ၂၄နှစ်အရွယ် rapper လေးတယောက်အသတ်ခံလိုက်ရတယ်။ ဘယ်လို အသတ်ခံလိုက်ရတာလည်းဆိုရင် စစ်တပ်လက်ပါးစေ ပျူစောထီးဆိုတဲ့ ကျွန်တွေက ဒီကောင်လေးကို သူ့ရဲ့နေအိမ်မှာ လာဖမ်းပြီး စစ်ကြောရေးမှာ သတ်ပစ်လိုက်တာ။
ဘာကြောင့်လာဖမ်းတာလဲဆိုတဲ့ အကြောင်းပြချက်လည်း မပေးနိုင်သလို ဘာကြောင့် သတ်ပစ်လိုက်တယ်ဆိုတဲ့ အကြောင်းပြချက်လည်း မပေးနိုင်ဘူး။ ညကလာဖမ်းတယ် မနက်ရောက်တော့ မိသားစုကို အလောင်းလာထုတ်ခိုင်းပြီး ချက်ချင်း သဂြိုလ်ခိုင်းလိုက်တယ်။
လူတယောက်ကို သတ်ဖို့ ဒီကောင်တွေကဒီလောက် လွယ်နေတာလား။ဒါမှ မဟုတ် စစ်တပ်က ဒီကောင်တွေကို တရားဝင် လူသတ်လိုင်စင်ထုတ်ပေးထားတာလား။ သေသွားတဲ့ သူမှာ လူမမယ် ကလေး နဲ့ မိန်းမကျန်ခဲ့တယ်။
မေးချင်တာက ဘာကြောင့်သတ်လိုက်ရတာလဲ။
တခုခုကြောင့်မသင်္ကာလို့ စစ်ဆေးမေးမြန်းမယ်ဆိုရင်တောင် အခုလို လူကို သေစေနိုင်လောက်တဲ့ထိ ရိုက်နှက်ပြီး စစ်ဆေးဖို့ ဥပဒေထုတ်ထားလို့လား။ နောက်ဆုံးကွာ နိုင်ငံရေးလုပ်လို့ ဖမ်းခံရရင်တောင် ညဖမ်း မနက်အလောင်းလာယူဆိုတဲ့ ပုံစံမျိုး လုပ်ပိုင်ခွင့် ဘယ်သူကပေးထားလို့လဲ။
စစ်တပ်ဟာ အာဏာသိမ်းပြီးတဲ့အချိန်ကစလို့ သူတို့မင်္သကာတဲ့သူ၊ သူတို့ကို တွန်းလှန်မယ့်သူမှန်သမျှ အခုလိုပဲ လက်စဖျောက်ခဲ့ကြတယ်။ညလာဖမ်းတယ် မနက်မှာ အလောင်းလာယူခိုင်းတယ်။ ဒီလိုဖြစ်ရပ်တွေက သာမန်ပြည်သူတွေအပေါ်မှာလည်း ကျူးလွန်ခဲ့သလို ၊ NLD ပါတီဝင်တချို့အပေါ် မှာလည်း ရက်ရက်စက်စက် ကျူးလွန်ခဲ့တယ်။
အခုလည်း ထပ်ပြီးကျူးလွန်နေသလို နောင်လည်းကျူးလွန်နေဦးမှာပဲ။
ဒါပေမယ့် ဒီလိုစစ်တပ်ရဲ့ ကျူးလွန်တဲ့ ရက်စက်မှုတွေကို အခုချိန်ထိ နာရကောင်းမှန်း တချို့က မသိကြသေးဘူး။
ဒီနေရာမှာနောက်ထပ်ပြောချင်တာက လက်ရှိကျတော်တိုနိုင်ငံရဲ့ အခြေအနေက စစ်တပ်ရဲ့ စစ်ဖိနပ်အောက်မှာရှိနေတာဖြစ်သလို လွတ်လပ်ပြီးတရားမျှတတဲ့ ဒီမိုကရေစီအစိုးရအောက်မှာရှိနေတာမဟုတ်ဘူးဆိုတာကို ထပ်ပြီးပြောချင်တယ်။
ဒီလိုအခြေအနေမှာ ငါတို့က သီချင်းပဲဆိုတာ ဘယ်ဘက်ကမှ မပါဘူးဆိုပြီး နေသာသလို၊ နေတတ်သလို နေကြတဲ့သူတွေကိုလည်းပြောချင်တာက အခု သေသွားတဲ့ လူငယ်ကရော သူဘာတွေလုပ်ခဲ့လို့ အခုလို စစ်တပ်လက်ပါးစေ အရိုးကိုက်ကျွန်တွေရဲ့ ရက်ရက်စက်စက် သတ်ဖြတ်တာကို ခံလိုက်ရတာလဲဆိုတာမျိုး မင်းတို့တွေးဖူးလား။
ဒီကောင်လေးသေဆုံးမှုနဲ့ ပတ်သက်ပြီး လိုက်ရှာပြီး ဖတ်ကြည့်တော့ အကုန်လုံးလိုလိုပြောကြ၊ရေးကြတာက အနေအေးနဲ့ လူငယ်လေးလို့ သိရတယ်။
ဒီလိုအနေအေးတဲ့သူကို အကြောင်းမဲ့ ဖမ်းဆီးပြီး သတ်ဖြတ်တာကို ခံရခြင်းက ဒီတော်လှန်ရေးမှာ ငါနဲ့မဆိုင်ဘူးဆိုပြီး နေနေကြတဲ့ သူတွေရဲ့ အိမ်ကိုပါ သေမင်းက တံခါးလာခေါက်ပြီဆိုတာ မင်းတို့သိလား။
ခင်ဗျားတို့ နေတတ်သလိုနေပြီး၊ နေစိမ့်သလိုနေကြလည်း ခင်ဗျားတို့အိမ်တံခါးကို စစ်မိစ္ဆာတွေက တံခါးလာခေါက်နေပြီဆိုတာ အခုဖြစ်ရပ်က သက်သေပြနေပြီဆိုတာကို ထပ်ပြီး မြင်အောင်ကြည့်ကြ။
နောက်ထပ်ပြောရရင် အခုသေသွားတဲ့ ကောင်လေးက Under ground မှာသီချင်းဆိုတဲ့ Rapperလို့ ပြောရမယ်ထင်တယ်။ ကဲ ဒီတော့ အခုလို
rapperတယောက် မတရားသေဆုံးသွားမှုအပေါ် ဘယ်မှာလဲ သူ့အတွက် အသံထွက်ပေးကြမယ့် Rapperတွေရှိလား။
ဘယ်မှာလဲ Jme ၊ ဘယ်မှာလဲ စိုင်းစိုင်းခမ်းလှိုင်၊ ဘယ်မှာလဲ ကြက်ဖ၊ ဘယ်မှာလဲ G fatt ၊ ဘယ်မှာလဲ နေဝင်း၊ နောက်ဆုံးကွာ မန္တလေးက လူသိများတဲ့ rapperတွေဖြစ်တဲ့ j fire ၊ ဂျစ်ဂျစ်တို့လိုကောင်တွေကအစ အသံထွက်ရဲလား။ ဒီ မတရားမှုအတွက် ဒီကောင်တွေ တကြောင်းတောင် ထုတ်ပြီးရေးရဲလား။
မိန်းစတွင်းက ကောင်တွေ အသံမထွက်ရဲလို့ မထွက်ချင်လို့ မထွက်ကြရင်တောင် under ground က rapperတွေရော အသံထွက်ရဲလား။ ဒါကြီးက မတရားဘူးဆိုပြီး အသံကို ဘယ်သူက ကျယ်ကျယ်လောင်လောင်ထွက်ရဲလဲ။
မထွက်ကြဘူး၊ ဘာလို့လဲဆိုတော့ မင်းတို့ကောင်တွေ ကိုယ်တိုင်သိတယ်။ မင်းတို့ စောက်သံထွက်တာနဲ့ မင်းတို့အဖမ်းခံရမယ်၊ အသတ်ခံရမယ်ဆိုတာကို မင်းတို့တွေ သိတယ်။ မင်းတို့ဘဝက မလွတ်လပ်ဘူး လွတ်လပ်မှုမှာ သံကြိုးတန်းလန်းနဲ့ဆိုတာကို မင်းတို့သိတယ်။ ဒါကိုပဲ မသိချင်ယောင်ဆောင်ပြီး မင်းတို့ပျော်ပါးနေကြတာ၊ ပွဲတွေလုပ်ပြီး လွတ်လပ်ရေးအတုအောက်မှာ အာသာဖြေနေကြတာ။
ဒီနေရာမှာ မင်းတို့ထက်ပိုဆိုးတာကတော့ နာမည်ကြီးပြီးသားကောင်တွေပဲ။ အထူးသဖြင့် စစခလ လိုကောင်မျိုးနဲ့ သူ့ဘော်ဒါတွေ။
ဒီကောင်တွေက စစ်တပ်ရဲ့ ဝါဒဖြန့်မှုတွေကို ကူညီဖြန့်ဝေပြီး ကြိုးစားပုံဖော်နေတဲ့ စစ်လော်ဘီ အနုပညာရှင်၊ အဆိုတော်နဲ့ သရုပ်ဆောင်တွေထဲက ထိပ်ဆုံးက ပါဝင်ပါနေတဲ့ကောင်တွေ။
အညာမှာ ဗုံးကြဲလည်း မွေးနေ့မှာပွဲလုပ်ပြီး ပျော်ပြတယ်။ အခုဆို ထိုင်းအထိလာပြီး ရေခပ်သွားတယ်။ ဒါကိုလည်း စောက်ဦးနှောက်မရှိတဲ့ မိမမစ်၊
ဖမစစ်ကောင်တွေက သွားပြီး အားပေးကြတယ်။
ပြည်သူတွေရဲ့ အသက်တွေ ဆုံးရှုံးနေချိန်မှာ ဝေဖန်တာ၊ ဝမ်းနည်းတာ၊ ပြည်သူ့ဘက်က ရပ်တာစတဲ့ အသံတွေကို မထွက်ကြဘဲ ငွေရဖို့နဲ့ စစ်တပ်အလိုကျ ပွဲလမ်းတွေစီစဉ်ပြီး ဖျော်ဖြေတင်ဆက်မှုတွေကို ဟန်မပျက်လုပ်နေနိုင်တဲ့ အနုပညာရှင်ကို အားပေးဂုဏ်ပြုဖို့ မလုပ်သင့်တော့တဲ့အချိန်ကို ရောက်နေတဲ့အဆင့်ကနေ ဟိုးဘက်ကို လွန်တောင်လွန်နေပြီ။
ဒါပေမယ့် သွားပြီး အားပေးနေကြတုန်းပဲ။
ဒီ စစခလ ဆိုတဲ့ကောင်ဆိုရင် အရေးအခင်းကာလမှာ ရူးသလို၊ပေါသလိုနဲ့ လူကြားထဲဝင်ပြီး လက် ၃ ချောင်းထောင်ခဲ့တဲ့ကောင် ဒီလိုကောင်က ဒီပဲယင်းမှာ ကလေးတွေဗုံးကြဲခံရလို့ စောက်သံထွက်ခဲ့လား။
အခုလိုအချိန် ပြည်သူတွေ သေကြေပျက်စီးလို့ ဝမ်းနည်းမှုတွေ ဖြစ်နေချိန်မှာ ဟိုပွဲသွားဖျော်ဖြေ၊ ဒီပွဲလာဖျော်ဖြေနဲ့ ရတဲ့ အခကြေးငွေကို ဒုက္ခရောက်သူ ပြည်သူကို ကူတာလည်းမဟုတ်ဘဲ ကိုယ်တစ်ဦးတည်း ကောင်းစားရေးအတွက် လုပ်ပြနေလည်း အခုထိ နာရကောင်းမှန်းမသိတဲ့ သူတွေကရှိနေသေးတယ်။
ငါ့ကို ဘယ်လောက်ဆဲဆဲ အချိန်တန် နည်းနည်း ထွက်လှူလိုက်ရင် ဒီကောင်တွေ ငြိမ်သွားမှာဆိုတဲ့ ပုံစံ နဲ့ ပြည်သူကို ဆက်ဆံပြတဲ့ သူတွေထဲမှာ စစခလ အပြင် ပြည်တွင်းက တခြားဖက်ခွက်စားတွေကလည်း ထိပ်ဆုံးပါတယ်။
ဒီတော့ အနှစ်ချုပ်ရမယ်ဆိုရင် ခင်ဗျားတို့သွေးအေးပြီး စောက်သံတွေတိတ်ပြနေလည်း စစ်တပ်က သူလုပ်ချင်တာလုပ်ဖို့ ပိုပြီးအခွင့် သာလာမှာပဲ။ ရတဲ့နည်းနဲ့ ရတဲ့ဘက်က တော်လှန်ကြဖို့ပြောလည်း ခင်ဗျားတို့တွေက ဘောမ ပွဲဆိုရင်လည်း သွားအားပေးကြတာပဲ၊ ဘောမ ရုပ်ရှင်ဆိုလည်း
ပြေးကြည့်ကြတာပဲ။
ဒီကောင်တွေက ခင်ဗျားတို့အခုလို မတရားခံနေရချိန် ဘယ်နေရာကအသံထွက်ခဲ့လဲ။ လက် ၃ချောင်းထောင်ခဲ့တာနဲ့ တာ၀န်ကျေတာ မဟုတ်သလို၊ ထောင်ကျပြီး ထောင်ကထွက်လာရုံနဲ့လည်း တာဝန်ကျေသွားတာမဟုတ်ဘူး။ ခင်ဗျားတို့ တာဝန်ကျေပြီဆိုပြီး ပုံမှန်ထောက်ပို့တာတောင် မလုပ်တော့တဲ့အချိန်မှာ စစ်တပ်က တနိုင်ငံလုံးက ပြည်သူတွေကို ထပ်ပြီး သတ်ဖြတ်နေတယ်ဆိုတာ မမေ့နဲ့။
လက်ရှိတိုင်းပြည်မှာဖြစ်နေတဲ့ တော်လှန်ရေးက လူတဦး၊တယောက်အတွက်လည်း မဟုတ်သလို အဖွဲ့တွေအချင်းချင်းတိုက်နေကြတဲ့ ပြည်တွင်းစစ်လည်း မဟုတ်ဘူး။
ဒီတိုက်ပွဲက စစ်ဖိနပ်အောက်က လွတ်မြောက်ဖို့ လုပ်နေတဲ့ တော်လှန်ရေး၊ စစ်ကျွန်အောက်က ထိုးထွက်လာတဲ့ တော်လှန်ရေး။
ဒါကြောင့် တော်လှန်ရေးမှာ အသက်ကြီးတာ၊ငယ်တာနဲ့ မဆိုင်ဘူး တာ၀န်ယူရဲတဲ့စိတ်နဲ့ပဲဆိုင်တယ် ။
ကိုယ်တတ်နိုင်တဲ့ ဘက်က တာ၀န်မယူသေးဘဲ ရေသာခိုနေသရွေ့ကတော့ နောက်တချိန် စစ်တပ်ကတံခါးလာခေါက်ပြီး စစ်ကြောရေးကို ခေါ်ဆောင်သွားခံရမယ့်သူက မင်းတို့ ကိုယ်တိုင်ဖြစ်နေလိမ့်မယ်ဆိုတာကိုလည်း မင်းတို့ မမေ့ကြနဲ့။
Be the first to comment