ဆောင်းပါး

အသက်တွေနဲ့ လောင်းကြေးထပ်ရတဲ့ Game

‘အသက်တွေနဲ့ လောင်းကြေးထပ်ရတဲ့ Game’ Simon ကလင် … ကလင် … ကလင် … မီးဖိုချောင်မှာ အလုပ်ရှုပ်နေတုန်း ရုတ်တရက် ဖုန်းဝင်လာတော့ ကျနော့်ဖုန်းကို တချက် ထုတ်စစ်မိလိုက်တယ်။ သိပ်အရေးမကြီးတဲ့ဖုန်းဆို နောက်မှ ပြန်ဆက်ဖို့၊ ဒါမှမဟုတ် စာချန်ခဲ့ဖို့ ပြောမယ်ဆိုပြီး ဖုန်းကိုကြည့်လိုက်တဲ့အချိန်မှာ ကျနော့်ကိုဖုန်းခေါ်တဲ့သူက ကျနော့်ဦးလေးဖြစ်နေတယ်။ ပုံမှန်ဆို မီးဖိုချောင်မှာ busy ဖြစ်တတ်တဲ့ lunch time လို အချိန်မျိုးမှာ ကျနော့်ဦးလေးက […]

အက်ဆေး

အပြာရောင် ကျောပိုးအိတ်ကလေး

“အပြာရောင် ကျောပိုးအိတ်ကလေး” မျက်သွယ် “တကယ်တော့ ဒီကျောပိုးအိတ်ကလေးက ကျမ ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်ရတော့မယ့်အချိန်၊ ကျမအမေက ဝယ်ပေးခဲ့တာ” လို့ အိတ်ကလေးကိုကြည့်ရင်း ကျမ သူ့ကိုပြောလိုက်တယ်။ ပြောလက်စ စကားနဲ့လည်း မဆက်စပ်ပါဘူးလေ။ ဒီလိုပဲ တချို့အရာတွေကလည်း မှတ်မှတ်ရရ အမြဲရှိနေတာမျိုးမဟုတ်ဘဲ ရုတ်တရက်မှ ပြန်သတိရလာမိတာ။ သူကလည်း ကျမပြောချင်တဲ့အဓိပ္ပာယ်ကို နားလည်နေသလိုပဲ။ ဘာမှလည်း ပြန်မပြော၊ ကျမရဲ့ အပြာရောင် ကျောပိုးအိတ်ကလေးကိုပဲ ကြည့်နေတယ်။ ဒီအိတ်အကြောင်းကို သူစဉ်းစားနေတာလည်း ဟုတ်ချင်မှ […]

နတ်သမီးပုံပြင်ထဲမှာ ညနေဟာ လွင့်လွင့်လေး

နတ်သမီးပုံပြင်ထဲမှာ ညနေဟာ လွင့်လွင့်လေး

‘နတ်သမီးပုံပြင်ထဲမှာ ညနေဟာ လွင့်လွင့်လေး’ မင်းချစ်ပိုင် ​အပိုင်း (၃) “ဟင့်အင်း၊ ဘာဖြစ်လို့” ဆိုပြီး မယ်မယ်က အံသြတဲ့အသံနဲ့ ပြန်တုံ့ပြန်လိုက်တယ်။ ကျမက ဓာတ်ပုံကို ငေးစိုက်မိနေတာကြောင့် မယ်မယ်လှည့်ပြီး ဖြေလိုက်သလား၊ ပြတင်းပေါက်အပြင်ကိုပဲ မျက်နှာမူထားတုန်း ဖြေလိုက်သလားဆိုတာကို ကျမ မသိလိုက်ဘူး။ မယ်မယ် ဘုရားဝတ်မပြုခင်ကတည်းက မယ်မယ်နဲ့ အတူရှိနေတာကြောင့် ကျမရှိနေတာကို အံသြနေတာမျိုးမဟုတ်ဘူး။ အချိန်အခါရော၊ အခြေအနေရော၊ အကြောင်းအရာရော ဆက်စပ်မှုမရှိဘဲ ရုတ်တရက်မေးလိုက်တဲ့မေးခွန်းကြောင့် အံသြသွားတဲ့ပုံမျိုး။ မယ်မယ်ကဖြေပြီးနောက် […]

Flim Reviews

Beyto (2020)

‘Beyto (2020)’ ထွင် ဘေတို့လိုအဖြစ်မျိုး နိုင်ငံတိုင်းဆီမှာရှိကြတဲ့ LGBT တွေ ကြုံတွေ့ခဲ့ကြရမှာပါ။ (လူသားချင်း စာနာထောက်ထားစိတ် အပြည့်အဝ ရှိသွားပြီဖြစ်တဲ့ နိုင်ငံတွေမှာတော့ ကြုံရမှာ မဟုတ်တော့ဘူး) အရင်ကလည်း ကြုံခဲ့မယ်၊ အခုလည်း ကြုံနေတယ်၊ နောင်လည်း ကြုံနေရဦးမှာပါပဲ။ ကြုံနေရမှာကတော့ လူသားချင်း စာနာထောက်ထားစိတ် မရှိသေးသရွေ့ပေါ့။ LGBT လူစားတွေဟာ နိုင်ငံတိုင်းမှာရှိပါတယ်။ LGBT စိတ်ဟာ နိုင်ငံမရွေးဘူး ရှိနေမယ်။ နိုင်ငံမရွေးသလို လူတန်းစားလည်း မရွေးဘူး […]

Short Stories

စိတ်ကုထုံးဝတ္ထု -၂

‘စိတ်ကုထုံးဝတ္ထု -၂’ ရေအေး ၁။ မောင်လှဦးရဲ့ အဖေက တောထဲ မျှစ်ချိုးထွက်ရင်း မြေဇာမြက်ပင်ပေါ်က ပြုတ်ကျပြီး ဆုံးတယ်။ မောင်လှဦးနှမ အငယ်ဆုံးလေးက ကျောင်းမှာ စာအံသွားရင်း ကကြီးစာလုံးနင်ပြီး သေတယ်။ အဲဒီလိုပဲ မောင်လှဦးရဲ့အမေနဲ့ နှမအကြီးလေးကလည်း အိမ်မှာ ထမင်းစားတုန်း ဟင်းချိုခွက်ထဲ ပြုတ်ကျတဲ့ဇွန်းကို လိုက်ဆယ်ရင်း ဟင်းရည်ထဲနစ်ပြီး ပြန်ပေါ်မလာတော့ဘူး။ နွေဦးပေါက်မှာပဲ မိသားစုအကြောင်း သတင်းဆိုးတွေက မောင်လှဦးရှိနေတဲ့ “မြစိမ်းရောင်စပါးခင်းများ” ဆပ်ကပ်အဖွဲ့ဆီ တခုပြီးတခု ရောက်လာတယ်။ […]

Real Life Stories

တော်လှန်ရေးဘက်တော်သား ဇနီးမောင်နှံ

“တော်လှန်ရေးဘက်တော်သား ဇနီးမောင်နှံ’ Ei Thandar Aung ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းအချိန်၌ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ တောင်ယောဒေသသို့ ကျမ ရောက်ခဲ့သည်။ အသင့်စောင့်မျှော်လျက်ရှိနေသည့် မိတ်ဆွေက ကျမနေထိုင်ရမည့် ကျေးရွာက ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ခေါင်းဆောင်၏ နေအိမ်သို့ လိုက်ပို့သည်။ ရောက်လျှင်ရောက်ချင်းပင် ပကဖခေါင်းဆောင်ဖြစ်သည့် ကိုဇော်တို့ ဇနီးမောင်နှံ ဆီးကြိုကာ ဧည့်ဝတ်ပြုသည်။ များမကြာမီ ကိုဇော်တစ်ယောက် သူ၏ လက်လုပ် သုံးဘီးဆိုင်ကယ်အစုတ်လေးနှင့် ရိက္ခာထုပ်များသယ်ကာ ဒေသခံကာကွယ်ရေးစခန်းသို့ […]

Short Stories

သက်တံရောင် ပင့်ကူအိမ် (သူနဲ့ ကျနော်)

‘သက်တံရောင် ပင့်ကူအိမ် (သူနဲ့ ကျနော်)’ ရူပါပိုးအိ မှတ်မိပါသေးတယ်၊ အဲဒီနေ့က နေပူပြီး မိုးတွေ သည်းကြီးမည်းကြီး ရွာနေခဲ့တာ။ “နေပူမိုးရွာ သူခိုးလာ၊ လာတဲ့သူခိုး တုတ်နဲ့ထိုး” ဆိုပြီးတောင် နှစ်ယောက် သား သံပြိုင်အော်ခဲ့ကြသေးတယ်။ အိမ်တံစက်မြိတ်အောက်မှာ မိုးရွာတာကို ကြည့်ကောင်းကောင်းနဲ့ ထိုင်ကြည့်နေရင်း သူက စကားစလာတယ်၊ “ငါ အိမ်ပြန်တော့မယ်” တဲ့။ ကျနော်လည်း မျက်စောင်းထိုးက သူတို့ လက်ရှိနေနေတဲ့အိမ်ထင်လို့ … “အိမ်ပြန်တာပဲ ပြန်ပေါ့ဟ၊ […]

သတင်းသုံးသပ်ချက်ဆောင်းပါး

စိန ပါဝါအခင်းအကျင်း

 ⁨”စိန ပါဝါအခင်းအကျင်း” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ​ကျော်​ဇောခိုင် တရုတ်ဖိအားအောက် MNDAA ငြိမ်သွားပြီးတဲ့နောက်မှာ တရုတ်ရဲ့ (တနည်း စကစရဲ့ ) ပစ်မှတ်ဟာ TNLA ဆီကို သဘာဝကျစွာ ရောက်ရှိလာတာ တွေ့ရတယ်။ လားရှိုးကို တဖြည်းဖြည်းနဲ့ တည်ငြိမ်အောင် လုပ်သွားနိုင်ခဲ့ရင် ရှမ်းမြောက် (မန်း – လားရှိုး – မူဆယ်) လမ်းကြောင်းမှာ မန်း – လားရှိုးအပိုင်းအတွက် TNLA […]

ဆောင်းပါး

ကိုဂျင်မီ၏ နိုင်ငံရေးဖြတ်သန်းမှုအပေါ် ကျွန်ုပ်၏ သဘောထား

‘ကိုဂျင်မီ၏ နိုင်ငံရေးဖြတ်သန်းမှုအပေါ် ကျွန်ုပ်၏ သဘောထား’ ထွင် နိုင်ငံရေး၊ စစ်ရေး တင်းမာနေချိန် နိုင်ငံရေး၊ တော်လှန်ရေးနှင့် ပတ်သက်သော စာပေအချို့ ရေးနေသူတယောက်အဖို့ နိုင်ငံရေး၊ တော်လှန်ရေးနှင့် ပတ်သက်သော စာပေများကို ဖတ်ရှုလေ့လာသင့်သည်ဟု ကျွန်ုပ် ယူဆပြီး စာအုပ်စင်မှ စာအုပ်များကို မွှေလိုက်ပါသည်။ ”နိုင်ငံရေးဆိုတာ” ဆိုသည့် ခေါင်းစဥ်နှင့် 2018 JULY ထုတ် Eternal Light Magazine ကို တွေ့လိုက်ရသည်။ မျက်နှာဖုံးမှာ […]

ကဗျာ

အားလုံးလွယ်လွယ်လေးပဲ

‘အားလုံးလွယ်လွယ်လေးပဲ’ ခွန်းနီ စီးကရက်တစ်ဗူးဘယ်လောက်လဲ အရက်တစ်ပုလင်းဘယ်လောက်လဲ ဝက်ချိုချဥ်ကြော်တစ်ပွဲဘယ်လောက်လဲ အာသာဖြေဖို့တစ်ညဘယ်လောက်လဲ အားလုံးပေါပေါလောလောရတယ်။ အသက်တစ်ချောင်းဘယ်လောက်လဲ ဘဝတစ်ခုဘယ်လောက်လဲ အရှက်သိက္ခာနဲ့ကိုယ်ကျင့်တရားဘယ်လောက်လဲ အားလုံးလွယ်လွယ်လေးလား အေးဟုတ်တယ် ငါတို့နိူင်ငံမှာအားလုံးလွယ်လွယ်လေးပဲ။ ကြက်ကလေးလို ငှက်ကလေးလို သေဖို့လွယ်လွယ်လေး ကြက်ကလေးလို ငှက်ကလေးလို လွတ်လပ်မှုတောင်မရှိတဲ့အခါ မွေးမြူရေးငါးကန်ထဲကငါးတွေလို အစွမ်းကုန်ကြီးထွားပြကြရပေါ့။ အလောင်းချင်းထပ်နေတယ် သွေးစသွေးနတွေပွက်နေတယ် ကယ်ပါ ယူပါ တဆာဆာပေါ့ ငါတို့မှာဒီလောက်တောင်စျေးပေါခဲ့ရတယ်။ သေဖို့အရေးလား နေဖို့အရေးလား အားလုံးဟာလွယ်လွယ်လေး သေမလိုဖြစ်ခဲ့တဲ့ကောင်တွေလဲ ဒုနဲ့ဒေးပါပဲ။ သေသူတွေရဲ့တန်ဖိုးကို ဘယ်အရာတွေနဲ့ချိန်ထိုးမလဲ စဥ်းစားလေလေ […]