Simon
ပြီးခဲ့တဲ့ရက်ပိုင်းက စမိုင်းလ်၊ လေးဖြူအပါအဝင် အမေစုလက်ထက်မှာ အမေစုနဲ့ အနုပညာရှင် တော်တော်များများ တွေ့ဆုံခဲ့ချိန်ကပုံတွေ ဆိုရှယ်မီဒီယာပေါ်မှာ ပြန်တက်လာတာကို တွေ့ရတယ်။
ကပ်ရှင်တွေကတော့ ဘ၀မှာ အမေစုလောက် လူပေါင်းမမှားဘူးဆိုတဲ့ ကပ်ရှင်တွေနဲ့ပေါ့။
ဒီနေရာမှာ ကျနော့်အမြင်ကို ပြောရရင် အမေစုက လူပေါင်းမှားခဲ့တာမဟုတ်ပါဘူး၊ အမေစုကို လူမှားတွေက လာပေါင်းကြတာပါ။ ဘယ်လိုလူမှားတွေလဲဆိုရင် ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ စိတ်နဲ့ တဘို့တည်းကြည့်တတ်တဲ့ အတ္တသမားတွေနဲ့ အမေစုရဲ့ ပုံရိပ်ကိုသုံးပြီး ကိုယ်ကျိုးစီးပွားမှာ အသုံးချချင်တဲ့ လူမှားတွေပေါ့ဗျာ။
အမေစုကိုချစ်လိုက်တာ၊ အမေစုကို မြတ်နိုးလိုက်တာဆိုပြီး အမေ၊ အမေနဲ့ ပါးစပ်ကမချတဲ့သူတွေ တော်တော်များများက ယခု တော်လှန်ရေးကာလအတွင်းမှာ ဝတ်ကျေတန်းကျေနဲ့ အမေစုကို ဆုတောင်းပေးရကောင်းမှန်းတောင် မသိတော့ဘူး။
ဒါကိုကြည့်ခြင်းအားဖြင့် ကျနော်တို့ပတ်ဝန်းကျင်မှာ နေ့စဥ် ကိုယ်နဲ့အတူ ဖြတ်သန်းနေကြတဲ့ ရင်ဘတ်ခြင်းတူတဲ့ ရဲဘော်တွေအပေါ် ကျနော်တို့တွေ အချင်းချင်း တန်ဖိုးထား ချစ်ခင်ရမယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တာပဲ။
ကိုယ်သာတဲ့အချိန်မှာ ပြေးကပ် ကိုယ့်ကိုချစ်ပြပြီး ကိုယ်လဲကျတဲ့ အချိန်လည်းရောက်ရော ကိုယ့်ကို ရှိတယ်လို့တောင် မထင်တော့တဲ့ လူတွေအတွက် ကျနော်တို့မှာ လိုက်ခံစားပေးဖို့ အချိန်မရှိဘူး။ အထူးသဖြင့် အခုလို တော်လှန်ရေးကာလမှာ ပိုလို့တောင် ဆိုးပါသေးတယ်။
ကျနော်တို့မှာ နေ့စဥ် အသက်နဲ့တမျှ အရေးကြီးတဲ့ကိစ္စတွေကို လုပ်နေရတယ်။ လုပ်သမျှအလုပ်တွေ အကုန်လုံးကလည်း တော်လှန်ရေးနဲ့ တမျိုးတဖုံ ပတ် သက်နေတယ်။ ဒီလို အရေးကြီးတဲ့အချိန်မှာ မဆိုင်တဲ့သူတွေက မဆိုင်သလို လွှတ်ချသွားတာကို ကျနော်တို့က သူတို့နောက်လိုက်ပြီး ခံစားနေကြဖို့ မလိုဘူး။ ကျနော်တို့အတွက် အရေးကြီးတာကိုပဲ ရွေးချယ်ပြီး ဆက်လုပ်ကြဖို့ပဲလိုတယ်။
ကျူးဘားတော်လှန်ရေးကြီးအတွက် “ချေဂွေဗားယား” တို့အုပ်စုက လှေနဲ့ ကမ်းကိုကပ်လာတဲ့အချိန်မှာ အာဏာသိမ်းအစိုးရက သူတို့လှေကို ဝိုင်းပြီးတိုက် ခိုက်ကြတယ်။ လှေပေါ်ပါလာတဲ့ ရဲဘော်တွေ အများကြီးကျဆုံးပြီး လူ ဒါဇင်လောက်ပဲ ကျန်တဲ့အချိန် “ချေ” တို့လည်း တပ်ဆုတ်ပြီး လှည့်ဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်တယ်။
ဒီအချိန်မှာ “ချေ” အတွက် ပြဿနာတခု ရှိလာတယ်။ အဲဒါက ဘာလဲဆိုရင် သူယူလာတဲ့ ဆေးပစ္စည်းအထုပ်နဲ့ လက်နက်တွေပါလာတဲ့အထုပ်မှာ ဘယ်အထုပ်ကို သူသယ်ပြီး ပြေးရမလဲဆိုတာပဲ။ ဒီအချိန်မှာပဲ “ချေ” က ဆုံးဖြတ်ချက်တခုကို ပြတ်ပြတ်သားသားချလိုက်ပြီး လက်နက်တွေပါတဲ့ အိတ်ကိုပဲသယ်ပြီး ထွက်သွားခဲ့တယ်။
သူ့အတွေးက ရှင်းပါတယ်၊ ကိုယ်တိုင်က ဆရာ၀န်ဖြစ်နေပေမယ့် နိုင်ငံအတွက် သူ့ရဲ့ဆေးပစ္စည်းတွေထက် လက်နက်တွေက ပိုအရေးကြီးတာကို သိတဲ့အတွက် ရွေးချယ်စရာတခုကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး ရွေးချယ်လိုက်တာဖြစ်တယ်။
ကျနော်တို့ရဲ့ အခုလက်ရှိ အခင်းအကျင်းကလည်း ဒီတိုင်းပါပဲ။ “ချေ” ရဲ့ ရွေးချယ်မှုလို ထားရစ်ခဲ့ရမယ့်အရာအတွက် ကျနော်တို့မှာ ထိုင်ပြီး နှမျောနေဖို့လည်း မလိုသလို နာကျင် ခံစားနေကြဖို့လည်း မလိုအပ်ဘူး။ သူတို့ကလည်း သူတို့ရွေးချယ်မှုအတွက် ပြတ်ပြတ်သားသား ရွေးချယ်ခဲ့သလို ကျနော်တို့ကလည်း ကျနော်တို့ရွေးချယ်မှုအတွက် ပြတ်ပြတ်သားသား ဆက်လုပ်ဖို့ပဲလိုတာပါ။
စမိုင်းလ်၊ မေဦးတို့နဲ့ တခြား တော်လှန်ရေး ရေပေါ်ဆီတွေ တော်လှန်ရေးမှာ မပါဝင်ကြတော့ဘူး မဟုတ်လား … ဘာဖြစ်လဲ ၄ီးပဲပေါ့။ သူတို့မပါလည်း တော်လှန်ရေးက ဆက်သွားနေမှာပဲ။
လေးဖြူ BC မသိဘူး၊ A to Z မသိဘူး ပြောတယ်မဟုတ်လား … ပြောလေ ပြောတော့ ၄ီးပဲပေါ့။ ဒါ သူ့ရွေးချယ်မှု၊ သူ့ဟာသူ BC ကို သိသိ မသိသိ အဲ့ဒါသူ့စောက်ကြောင်း ကိုယ်တွေက ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ဖို့ပဲ။
တကယ်တော့ အခုတော်လှန်ရေးကြီးမှာ ကျနော်တို့ တချိန်ကသိခဲ့တဲ့ လူတော်တော်များများက “ရေခဲပန်းပု” တွေလိုပဲ တဖြည်းဖြည်းနဲ့ ကိုယ့်အရှေ့မှာ အရည်ပျော်ကျနေတာကို မြင်နေရတယ်။ သူတို့မှာ ဘာစောက်တန်ဖိုးမှ မရှိတော့ဘူး။
ဒီလို တန်ဖိုးမရှိတဲ့ အရာတွေအတွက် ကျနော်တို့က ထိုင်ကြည့်ပြီး ခံပြင်းဒေါသ ထွက်နေစရာ မလိုဘူး။ ဒီလို ရေခဲပန်းပုတွေအတွက် ကျနော်တို့လုပ်ရမှာ တခုက တံတွေးနဲ့ ပယ်ပယ်နယ်နယ်ထွေး၊ သေးနဲ့ ခပ်ပြင်းပြင်းကော့ပန်းပြီး လှည့်ထွက်လာရမှာပဲဖြစ်တယ်။
ဒီတော့ အရင်တိုင်း ကိုယ်လုပ်စရာရှိတာပဲ ဆက်လုပ်၊ ကျန်တာတွေအကုန်လုံးကို လက်ခလယ်ထောင်ပြီး အချိန်တိုင်း ၄ီးပဲလို့ ဆဲရမှာကို မမေ့ကြနဲ့။
Be the first to comment