ကဗျာ

ခေါင်မှန်ခေါင်

အလင်းအိမ် (အညာ) ငယ်ငယ်က ပိုက်ဆံပစ်တိုင်းကစားဖူးလား။ ခေါင်မှာပဲ အသက်ရှိတယ်လို့ ယူဆပီး ကစားတဲ့ ကစားပွဲတခုမှာ ခေါင်မှန်တာနဲ့ သစ်သစ်ဟောင်းဟောင်း ကျန်တဲ့ပိုက်ဆံစေ့တွေဟာလည်း အလိုလိုသေရမှာပဲ။ အသက်ရှိတယ်ဆိုတာ ဉာဏ်ပညာရယ် ချစ်ခြင်းတရားရယ် ရှိတာကိုခေါ်တယ်။ အားလုံးဟာ ခေါင်လိုဖြစ်နေရမယ်။ ခေါင်ထိတာနဲ့ တန်းစီသာသေကြေးဆိုရင် အကုန်မျိုးတုံး ကုန်မှာပဲ။

၈၈သမိုင်းမှတ်တမ်း

၈၈ သမိုင်း မရိုင်းခဲ့ဖူးပါ (၂)

မောင်လွင်မွန် (ကသာ) အမှန်တော့ ဦးစိန်လွင်သက်တမ်းက ၁၇ ရက်ဆိုပေမယ့် ၈၈ အရေးအခင်း စတင်တဲ့ ၈.၈.၁၉၈၈ က စတွက်မယ်ဆိုရင် သူနုတ်ထွက်တဲ့ ၁၂ ရက်အတွင်းမှာ ၄ ရက်ပဲရှိပါတယ်။ ၈၈ အကြိုကာလ သူရက်စက်ခဲ့တာတွေ ရှိပေမယ့် ဒီ ၄ ရက်အတွင်းမှာ အတော် ရုပ်ပျက်ဆင်းပျက်တွေလုပ်ခဲ့လို့ “သားသတ်သမား” ဘွဲ့ကို ရသွားတာပါ။ ပြည်ပသတင်းအေဂျင်စီတွေ အားနည်းပေမယ့် သံရုံးတွေရှိနေတာမို့ ပြည်ပနဲ့ မမြင်အောင် မကြားအောင် […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

-၂၀၂၄ ​သြဂုတ် ၉ ​သောကြာနေ့ – ■ မနက်ခင်းအတွေး စားစရာထမင်း၊ ချစ်ခြင်းမေတ္တာ တဲ့။ ဘယ်လောက်လှပတဲ့ခေါင်းစဉ်ကလေးလဲ။ စွဲလန်းဖွယ်စကားပြေနဲ့ ခံစားမှုဝတ္တုတိုတွေရေးခဲ့တဲ့ သဲအိမ်မောင်နေဝါ ပဲထင်ပါရဲ့။ သူ့ရဲ့ဝတ္ထုတိုပေါင်းချုပ်ထုတ်တော့ စာအုပ်နာမည်က လည်ပင်းမှာရွှေဆွဲကြိုးနဲ့ကောင် တဲ့။ စာတွေအရေးကြဲပြီး လက်ဖက်ရည်ဆိုင်လေးနဲ့ အဆင်ပြေတဲ့အချိန် ရွှေဆွဲကြိုးလေးလည်ပင်းဆွဲမိတာကို ရေးဖော်ရေးဖက်ငတ်ဖော်ငတ်ဖက်တွေက သရော်ထေ့ခဲ့တဲ့စကားလုံးကိုပဲ သူကိုယ်တိုင် နှစ်နှစ်သက်သက် လက်ခံသုံးစွဲသွားတယ်ဆိုပါတော့။ ဒါလည်း လှတာပဲ။ ဒုတိယကမ္ဘာစစ်ပြီးတော့ အသတ်ခံခဲ့ရတဲ့ ဂျုး ၆ သန်းနဲ့ […]

ဆောင်းပါး

စုစည်းမှုဖြင့် ရေရှည်စစ်ကို ရှောင်ရှားခြင်း

– သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ကျော်ဇောခိုင် သြဂုတ် ၃ ရက်နေ့က အထင်ကရစစ်တိုင်းတခုဖြစ်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (လားရှိုး) ကို MNDAA နဲ့ PDF ပူး‌‌ပေါင်းတပ်တွေကသိမ်းယူလိုက်တယ်။ စစ်တပ်ရဲ့ သတင်းထုတ်ပြန်ရေးဘက်ကလည်း ရမခစစ်တိုင်းက အရာရှိကြီးတွေ (ဗခ ၁ နဲ့ ဗမခ ၂) ဖမ်းစီးခံထားရတယ်လို့ ဝန်ခံပြောကြားတာတွေ့ရတယ်။ စစ်တပ်ဘက်က ပထမဆုံးစစ်တိုင်းတခုကျသွားတာဖြစ်သလို စစ်ဘက်အဆင့်တွေထဲမှာ ဗိုလ်ချုပ်အဆင့် (တိုင်းမှူး) အထိ စတင်ဆုံးရှုံးတာဖြစ်တယ်။ ‘မအောင်မြင်သောမိန့်ခွန်း’ […]

ဆောင်းပါး

၈၈ သမိုင်း မရိုင်းခဲ့ဖူးပါ (၁)

မောင်လွင်မွန် (ကသာ) ယခုနှစ် ၈၈ ဒီမိုကရေစီလှုပ်ရှားမှု နှစ်ပတ်လည် နီးလာတဲ့အချိန်မှာ ၈၈ နဲ့ပတ်သက် ပြီး မမေ့နိုင်တာလေးတချို့နဲ့ အမှတ်တရ အတိုအထွာ ရေးခဲ့ဖူးတာတချို့ကို ပြန်စုစည်းပြီး လိုအပ်တာတချို့ ဖြည့်စွက်လို့ စာဖတ်သူတို့ဆီ မျှဝေဖို့ ရည်ရွယ် စိတ်ကူးမိပါတယ်။ နွေဦးတော်လှန်ရေးအစပိုင်း ၂၀၂၁ မတ်လ ၂၈ ရက်နေ့မှာ မုံရွာက အသက်၂၀ အရွယ် သူနာပြုဆရာမလေး သဉ္စာဟိန်း ကျဆုံးသွားတဲ့ ကြေကွဲဖွယ်သတင်းနဲ့အတူ ဆရာမလေး ရေးခဲ့တဲ့ကဗျာ၊ […]

ခေါ်သံရဲ့မနက်စာ

မနက်ခင်းအတွေး

-၂၀၂၄ ​သြဂုတ် ၈ ကြာသပ​တေးနေ့ – ■ မနက်ခင်းအတွေး ဘဝကိုနှစ်ကာလနဲ့တိုင်းတာလိုသူတို့၊ သင်တို့ကြားဖူးပါစ။ နာကျင်မှုတိုင်းမှာ ပန်းတခင်းရှိတယ်။ ကြီးကျယ်ခမ်းနားတဲ့ပေးဆပ်မှုဆိုတာ သူ့စာမျက်နှာနဲ့သူရှိတယ်။ ဩဂုတ်လ ၈ ရက်ဆိုတာ ဘဝတွေအသက်တွေရင်းပြီး ဖြတ်သန်းခဲ့ရသူတွေအတွက် မမေ့နိုင်တဲ့နေ့တနေ့ပေါ့။ တိုင်းပြည်အတွက်လည်း သမိုင်းဝင်နေ့တနေ့။ အထူးတလည် ဖွဲ့စရာနွဲ့စရာမလိုတဲ့ နေ့တနေ့ဆိုလည်းဟုတ်တယ်။ မှတ်စရာက ပြိုချိန်တန်ရင် ပြိုတာပဲဆိုတာဖြစ်ပါတယ်။ ဘယ်အရာမှ အမှန်တရားထက် ပိုမခိုင်ခန့်ပါဘူး။ ဒါကို သင်ခန်းစာမယူနိုင်တဲ့သူတွေအတွက်တော့ ဘယ်လမ်းမှ ရှေ့ဆက်စရာရှိမှာ မဟုတ်ဘူး။ […]

Photo Essay

ဒုတိယကမ္ဘာစစ်တုန်းကနာမည်ကြီးခဲ့တဲ့ White City

■ SWN ဒုတိယကမ္ဘာစစ်ကာလတုန်းက မော်လူးမြို့မြောက်ဘက်၊ ဟဲနားရွာနားမှာ မန္တလေး-မြစ်ကြီးနားသွား ရထားလမ်းနဲ့ကားလမ်းကို ဖောက်ထားခဲ့ပါတယ်။ ဒီလိုအရေးကြီးတဲ့ ဂျပန်တပ်တွေရဲ့ ဆက်သွယ်ရေး လမ်းကြောင်းကြီး (Line of Communication) ကို ဖြတ်တောက်ပိတ်ဆို့ဖို့ မဟာမိတ်တပ်တွေဟာ အခိုင်အမာ စခန်းတခုကို တည်ဆောက်ခဲ့ကြပါတယ်။ ဒီစခန်းကို ရိက္ခာ၊ လက်နက်ခဲယမ်းပို့လာတဲ့ လေထီးတွေဟာ များပြားလွန်းလို့ ဒီစခန်းကို မြို့ဖြူတော် (White City) လို့ ခေါ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။ *အရဲတင်းဆုံး ဆောင်ရွက်ချက်ဟာ […]

ဆောင်းပါး

မဟာမိတ် ပိုးလုံချည်

ဆူးရစ်နွယ် တတိုင်းပြည်လုံး နယ်ချဲ့လက်အောက်ကို ကျရောက်သွားချိန်၊ ကိုလိုနီခေတ်ဦး တော်လှန်ရေးတွေ ဦးနှိမ်ခံလိုက်ရချိန်မှာတော့ ဗမာတွေ တော်လှန်ရေးကိစ္စနဲ့ အလှမ်းဝေးသွားကြတော့တယ်။ စားဝတ်နေရေး ယန္တရားကြီးထဲမှာ မငတ်ရုံတမယ် နင်းပြားလူတန်းစားတွေ ပေါ်ပေါက်လာကြတော့တယ်။ ဆင်းရဲကြတာချင်းအတူတူ ပဒေသရာဇ်ခေတ်မှာလို နေသာသမှု မရှိတော့ဘူး။ တပါးကျွန် ဖြစ်ရလေခြင်းဆိုတဲ့ မချိတင်ကဲစိတ်တွေနဲ့ ကျော်ဖြတ်နေကြရတယ်။ ဒါသည်ပင် တနေ့မှာ အုံကြွပေါက်ကွဲလာမယ့် တော်လှန်ရေးကြီးတရပ်အတွက် အခြေခံကောင်းလို့တောင် ပြောနိုင်ပါတယ်။ ပြည်တင်း မင်းမခံနိုင် ဆိုတဲ့စကားရှိသကိုး။ အားမတန်လို့ ဒူးတုပ်လိုက်ရပေမယ့် နေနှင့်ဦးပေါ့ကွာဆိုတဲ့ […]

ကဗျာ

ရတနာသုံးပါး

မောင်မိုးအေး ကတုတ်ကျင်းထဲမှာတော့ ဂီတ ကဗျာနဲ့ ဆေးလိပ်က ရတနာ သုံးပါးပဲ ငါ့ရဲဘော်ဆိုတာ ငါ့ရင်ဘတ် အချစ် မေတ္တာနဲ့ မီးစကို မျှကြတယ် သေနတ်ကို ပိုက်ထားပြီး အချစ်ကဗျာတွေ ရွတ်ကြတာထက် ထိချက်ပြင်းတာမရှိ အားလုံးရတဲ့ သံပြိုင်အပိုဒ်က အလွမ်းရဆုံးပဲ မိုးဖွားထဲမှာ မီးခြစ်က ထောက်ကနဲ မီးစက ရဲကနဲ မီးခိုးက ဖွားကနဲ ကတုတ်ကျင်းကို နက်နက်တူး ရင်ဘတ်တွေပစ်ထည့် ဒဏ်ရာတွေအတွက် ရတနာ သုံးပါးရှိတယ် ရဲဘော်တွေက […]

ဆောင်းပါး

အပြစ်ရှိသူကို သူ့ရဲ့ပြစ်ဒဏ်အတိုင်း စီရင်ပါ

Simon လားရှိုးက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကြီးဖြစ်တဲ့ (ရမခ) ကို MNDAA တပ်တွေက အလုံးစုံ တိုက်ခိုက် သိမ်းပိုက်လိုက်တာကို တွေ့ရတယ်။ ပျော်ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ ပထမဆုံး တိုင်းစစ်ဌာနချုပ်ကြီး ကျရှုံးသွားတဲ့အတွက် အတိုင်းမသိ ပျော်ရတယ်။ ရန်သူတွေကို ရှင်းလင်းသုတ်သင် ထားတဲ့ ရုပ်သံဗီဒီယိုတွေ၊ ဓာတ်ပုံတွေ ထွက်လာတော့လည်း ကျေနပ်တယ်၊ အားရတယ်။ ဒါပေမယ့် ဆေးရုံက ဒဏ်ရာရစစ်သားတွေနဲ့ ဆေးရုံထဲမှာ ပြောင်းရွှေ့နေကြတဲ့ စစ်သားမိသားစုတွေကို နေရာပြောင်းရွှေ့ပေးတဲ့ အချိန်လည်းရောက်ရော […]