သီတင်းတပတ်စစ်ရေးစစ်ရာ

စစ်ရေးစစ်ရာ တပတ်တာ (၃၈)

“စစ်ရေးစစ်ရာ တပတ်တာ (၃၈)” နောင်လူသစ် ဇွန်လ (၂၂) ရက်မှ ဇွန်လ (၂၈) ရက်အထိ ☆ ၂၀၂၅ ခုနှစ် ဇွန်လ (၂၂) ရက်မှ ဇွန်လ (၂၈) ရက်အထိ တပတ်အတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက် ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၅၈) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ ☆ တပတ်တာအတွင်း စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးဖြင့် […]
Real Life Stories

ဝေးခဲ့ရပါသော သူငယ်ချင်း‌ရေ…

‘ဝေးခဲ့ရပါသော သူငယ်ချင်း‌ရေ…’ ညိုမှိုင်း မြတ်ဝေဟာ စစ်‌ကောင်စီ အာဏာသိမ်းအပြီးမှာ‌ ကျောင်းစာသင်‌ခန်း‌တွေနဲ့ ဝေးကွာခဲ့ရသော လူငယ်တဦးပါ။ အဆွေးသီချင်းတွေ၊ ကဗျာတွေ၊ လက်ဝဲစာ‌ပေတွေ၊ ဝတ္ထုတွေ ဖတ်ရတာကြိုက်တဲ့ ၁၆နှစ်အရွယ် လူငယ်တဦး။ ကျောင်းနားပြီး လက်ဝဲစာပေတွေ ဖတ်လိုက်၊ တော်လှန်သတင်းတွေ နားထောင်လိုက်နဲ့ပဲ အချိန်ကုန်ခဲ့ရတယ်။ သူ့ရဲ့ ငယ်‌‌​ပေါင်း သူငယ်ချင်း ‘အကြီးကောင်’ ဆိုတဲ့‌ ညီအကို အရင်းတမျှ အတော်ရင်းနှီးရတဲ့ သူငယ်ချင်းတယောက်လည်းရှိတယ်။ အကြီး‌ကောင်က သူ့ရဲ့ ဦးလေးဆိုင်မှာ အလုပ်လုပ်ရင်း […]
Flim Reviews

ခေတ်သစ် မပဋာစာရီ

‘ခေတ်သစ် မပဋာစာရီ’ ညီလင်းအိမ် ဗုဒ္ဓစာပေနိပါတ်တော်တွေထဲမှာ ဖတ်ဖူးခဲ့ရတဲ့ မပဋာစာရီရဲ့ အကြောင်းကို လူအများစုသိကြမယ်ထင်ပါတယ်။ အင်မတန်မှသနားစရာကောင်းတဲ့ ဖြစ်ရပ်ဆိုတော့ ခေတ်အဆက်ဆက် ဇာတ်ထုပ်တွေ၊ ရာဇဝင်ရုပ်ရှင်တွေအဖြစ်လည်း အသက်သွင်း တင်ဆက်ခဲ့ကြရတယ်။ ဒီရုပ်ရှင်ဟာလည်း ခေတ်သစ်မပဋာစာရီ ဇာတ်ထုပ်အဖြစ်ပဲ တင်စားရမလား မသိပါဘူး။ ယခုဇာတ်လမ်းရဲ့မြစ်ဖျားခံရာက ကမ္ဘာ့အရှေ့အလယ်ရပ်ဝန်းက ဒေသတခုကို အခြေခံထားတာဖြစ်ပါတယ်။ လက်ဘနွန်ဘက်က ဒေသတွေလို့ဆိုရမှာပေါ့။ (ထိလွယ်ရှလွယ်အရေးတွေပါတာမို့ ဒါရိုက်တာဟာ အတိအကျ ဖော်ပြထားခြင်းမဟုတ်တာလည်း ဖြစ်နိုင်ပါတယ်)။ ဇာတ်လမ်းရဲ့ အဓိက ပင်မ ဇာတ်ဆောင်က […]
ဆောင်းပါး

လူခြေတိတ်သွားတဲ့ ပန်းခြံ‌

‘လူခြေတိတ်သွားတဲ့ ပန်းခြံ‌’ တာပလု ပန်းခြံ‌ဘေးတနေရာကို ရောက်လာတဲ့နေ့က မိုးက ဖွဲဖွဲကျနေတယ်။ ပန်းခြံထဲမှာတော့ ခွေးတကောင် ကြောင်တမြီးမှ မရှိသလို လူတွေလဲ တယောက်တလေမှတောင် မရှိဘူး။ ပန်းခြံ သန့်ရှင်းရေး လုပ်တဲ့သူတော့ ရှိသင့်တာပေါ့။ အခုတော့ လူသူကင်းရှင်းနေတဲ့ ပန်းခြံတခုဖြစ်လို့နေတယ်။ ပန်းခြံလို့သာပြောတာပါ။ လေးဖက်လေးလံ ခြံစည်းရိုးခတ်ထားတာဆိုတော့ မြေကွက်လပ်တခုကို ခြံခတ်ထားတာနဲ့တောင် တူနေတယ်။ ခြံစည်းရိုးတနေရာမှာတော့ ပန်းခြံရဲ့နာမည်ကို ရေးထိုးထားလို့သာ ဒီနေရာဟာ ပန်းခြံတခုဖြစ်တဲ့အကြောင်းကို သိရမှာပါ။ ဒီဆိုင်းဘုတ်မရှိဘူးဆိုရင်တော့ ဒီနေရာက […]
ကဗျာ

ဒီလက ဂျွန်လဖြစ်တယ်

‘ဒီလက ဂျွန်လဖြစ်တယ်’ လိပ်နင်ဂျာ ဂျွန်လဟာ မိမိပဲ သူမကိုယ်ထဲမှာ ပုန်းအောင်းနေထိုင်တဲ့၊ မိခင်ဖြစ်သူအတွက် မကောင်းဆိုးဝါး မိစ္ဆာ ထိုသူတို့အတွက် မမြင်အပ် မကြားအပ်တဲ့၊ ကောင်းနိုးရာရာ နတ်မင်းများကို ပင့်ခေါ်ပြီး တိုက်ထုတ်ရမယ့် ကံနိမ့်လို့ ဝင်ပူးနေတာ ပင်လယ်ကြမ်းပြင်အောက်က ကျောက်တုံးများကြား ညှပ်ကျန်ခဲ့သော လျှာ တခါက ပူစီများကြား အလုပ်များခဲ့သော လျှာ ပြည်တွင်းစစ်က လျှာကို စားသွားပြီ ဂျွန်လရောက်တိုင်း ဖရန့်အိုဟာရာဆီ မရောက်မဖြစ် အိမ်ပြန်ရဖို့ဟာ အဆုံးစွန်ဆုံးသော […]
Short Stories

ဖေဖေဖြေပါ (ရသင့်ရထိုက်မှု)

‘ဖေဖေဖြေပါ (ရသင့်ရထိုက်မှု)’ ညီမင်းဆက် “ဘယ်တော့ မီးပြန်လာမှာလဲ ဖေဖေ …” ပုံမှန် လျှပ်စစ်မီးလာရက် ညပိုင်းအချိန်အတွင်းမှာပဲ မီးက ရုတ်တရက် ပြန်ပြတ်သွားတာမို့ အင်ဗာတာဖွင့်ဖို့ လုပ်နေတဲ့ ကျနော့်ကို သားတော်မောင်က မေးလာပါတယ်။ မီးပြတ်သွားတဲ့အချိန်က တိုက်တိုက်ဆိုင်ဆိုင် သူရုပ်ရှင်ကြည့်နေတဲ့အချိန် ဖြစ်တာမို့ မီးပြန်မလာတော့ဘဲ ရုပ်ရှင် ဆက်မကြည့်ရမှာကို သားတော်မောင်က စိတ်ပူနေပုံရပါတယ်။ အင်ဗာတာကလည်း အိမ်တွင်း မီးလင်းရုံလောက်သာ ဝပ်အားရှိတာမို့ တီဗီအပါအဝင် အခြားသော အီလက်ထရောနစ်ပစ္စည်းတွေကို အသုံးပြုနိုင်လောက်အောင် […]
သတင်းသုံးသပ်ချက်ဆောင်းပါး

စိနပါဝါအခင်းအကျင်း အပိုင်း(၂)

“စိနပါဝါအခင်းအကျင်း – ၂” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ​ကျော်​ဇောခိုင် ဇွန်လ ၂ ရက်နေ့က ဘေဂျင်းမှာ အရင် တရုတ် ဗဟိုစစ်ကော်မရှင်ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်ခဲ့တဲ့ အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီး ရွှီကျီလျန်း (Xu Qiliang) ကျန်းမာရေး ဆိုးဝါးလာရာကနေ ကွယ်လွန်ခဲ့တယ်။ ရွှီဟာ ဗဟိုစစ်ကော်မရှင်မှာ ၂ ကြိမ်ဆက် (၂၀၁၂ – ၂၀၂၂) တာဝန်ယူခဲ့သူဖြစ်တယ်။ ဒီသက်တမ်း ၂ ခုဟာ […]
Short Stories

စစ်ပွဲတို့၏နောက်ကွယ်

‘စစ်ပွဲတို့၏နောက်ကွယ်’ ချန်းမီ ကျွန်မတို့နေသည့်နေရာကလေးမှာ ‌ရောက်စကလိုစစ်ဘေးရှောင်တဲတန်းနှင့် မတူဘဲ စျေးတန်းလေးလိုဖြစ်နေသည်။ အကုန်လုံးနီးပါးက ဆွဲမိဆွဲရာပြေးခဲ့ကြသူတွေများသဖြင့် ဘာဆိုဘာမှ ပါမလာကြပါ။ ငွေသားနည်းနည်း ရွှေစရှိတဲ့သူက ရွှေစနည်းနည်းလောက်သာ ပါကြသည်။ စပြီးပြေးလာခဲ့ကြတုန်းက ခဏတဖြုတ်ပဲလို့ထင်ခဲ့ကြသည်မှာ အမှန်ပင်။ ဘာအလုပ်အကိုင်မှမရှိ။ ပါလာသည့် ငွေနည်းနည်းရယ်၊ ရွှေလေးတွေ ပေါင်၊ ရောင်းလုပ်တာရယ်ကလည်း တအိအိနဲ့ ကုန်သလောက်ဖြစ်နေသည်။ ကျွန်မတို့မိသားစု(၆)ယောက်အတွက် နေထိုင်စားသောက်ရေးမှအစ အားလုံး ခက်ခဲလှသည်။ ကျွန်မတို့ထက် မိသားစုပိုများသူတွေ၊ ရွှေငွေအတိုအစတောင် မပါခဲ့ကြသူတွေဆို ပိုဆိုးကြသည်။ စစ်ဘေးရှောင်ရန် […]
ကဗျာ

ငယ်ဘဝဆီ သွားကြစို့

‘ငယ်ဘဝဆီ သွားကြစို့’ မောင်တင်သစ် ဟောဒီကန်သင်းရိုးကလေးအတိုင်း လျှောက်ရင် မင်းငယ်ဘဝဆီ ရောက်လိမ့်မယ် ခြေသံကြားတာနဲ့ လယ်ပုဇွန်လုံးတွေက မြေကျစ်စာတွင်းထဲ ဆင်းပြေးကြမှာပေါ့ ရေစပ်စပ်မှာ ငါးရှဥ့်တကောင်တလေ ရွှံ့လူးနေတာ တွေ့ဦးမယ် တနှစ်သား တလင်းပြင်ထဲ စပါးနယ်နေတုန်း မင်းကို လည်ပြန်ခတ်တဲ့ ကျွဲဂျိုကား မှတ်မိသေးလား သူရှိသေးရင် ခုအချိန် သူလည်း ရွှံလူးနေမှာပေါ့ ကတွတ်ပေါက်မှာ မြုံးထောင်ရင် ငါးမြွေထိုး အကြီးအသေး တထွေးကြီးလည်း ရတတ်တယ် ငရုတ်စပ်စပ်နဲ့ ပင်စိမ်းအုပ်ပြီး လွေးရုံပဲ […]
ဆောင်းပါး

ဟီးရိုးလား ဇီးရိုးလား

‘ဟီးရိုးလား ဇီးရိုးလား’ ​မောင်​ရွှေရည် ငလျင်ကြီးလှုပ်တော့ မခိုင်မာတဲ့ တိုက်တာအဆောက်အအုံတွေ ပြိုကျသလိုပါပဲ၊ ခေတ်ကြမ်းကြီးကို ဖြတ်သန်းကြရချိန်မှာ ခံယူချက် ရပ်တည်ချက်မခိုင်မာသူတွေ ‘မြောင်းထဲ’ ရောက်သွားကြတာ သဘာဝကျပါတယ်။ ခေတ်ကြမ်းကြီးကိုကြုံရတော့ ဒဏ်မခံနိုင်သူတွေက အသံတွေထွက်လာတယ်။ ထွက်လာတဲ့ အသံတွေကို နားစွင့်ကြည့်လိုက်ရင် သူ့ရပ်တည်ချက် ခံယူချက်တွေ အရိပ်အမြွက်ပါလာတာ တွေ့နိုင်တယ်။ ရိုက်ပုတ်တဲ့ဒဏ်ကို ကြံ့ကြံ့မခံနိုင်တဲ့အခါ အချို့က တကိုယ်ကောင်းဆန်ချင်လာတယ်။ ‘ဘယ်သူသေသေငတေမာရင်ပြီးရော’ လမ်းကြောင်းကို ရွေးချယ်တယ်။ ဒူးထောက် လက်မြှောက်ပြီး ကျရှုံးသွားတယ်။ ပြည်သူလူထု […]