သီတင်းတပတ်စစ်ရေးစစ်ရာ

စစ်ရေးစစ်ရာ တပတ်တာ (၃၇)

“စစ်ရေးစစ်ရာ တပတ်တာ (၃၇)” နောင်လူသစ် – ဇွန်လ (၁၅) ရက်မှ ဇွန်လ (၂၁) ရက်အထိ ☆ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၅) ရက်မှ ဇွန်လ (၂၁) ရက်အထိ တပတ်အတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၅၄) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ ☆ တပတ်တာအတွင်း စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးဖြင့် Read More

Short Stories

ဝတ္ထု ဇာတ်လမ်း မဟုတ်ပါ

‘ဝတ္ထု ဇာတ်လမ်း မဟုတ်ပါ’ ရဲသူအောင် (၁) အန်တီရွှေသည် စတီးဇလုံကြီးထဲက အရွယ်တော် တုံးထားသည့် ကြက်သားတုံးတွေထဲ ဒိန်ချဥ်၊ ချင်း (ဂျင်း) ကြက်သွန်ဖြူထောင်း နှင့် ခပ်နုပ်နုပ်စင်းထားသည့် ပူစီနံရွက်တို့ကို ထည့်လိုက်သည်။ ထို့နောက် ကြက်သွန်နီကြော်နှင့် အရသာမှုန့်တို့ကို ချိန်ဆ၍ ထည့်၏။ ပြီးလျှင် လက်အိတ်စွပ်ပြီး ကြက်သားတုံးတွေထဲ အရသာဝင်အောင် ပယ်ပယ်နယ်နယ် ရောနယ်လိုက်တော့သည်။ အရသာကောင်းကောင်းဝင်မှ ကြက်သားနှပ်က စားကောင်းမည်။ စိတ်ကျေနပ်လောက်အောင် နယ်နှပ်ပြီးချိန် ပလတ်စတစ်လက်အိတ်တွေကို Read More

Flim Reviews

ရှင်သန်ရခြင်းများ

‘ရှင်သန်ရခြင်းများ’ ညီလင်းအိမ် ရှင်သန်ရဖို့ ဖြစ်လာမှတော့ သေဆုံးရဖို့အတွက်လည်း ရှောင်ပုန်းလို့ မဖြစ်နိုင်ဘူး။ မသေကြသေးတဲ့ ကျ​နော်တို့တွေအတွက် ကိုယ့်ရှေ့က အရင်ထွက်ခွာကြရသူတွေရဲ့ သေလမ်းခရီးကို မြင်ကြရတဲ့အခါ ပျော်ရွှင်ကြည်နူးရင်း ဝိညာဉ် စွန့်ခွာသွားတာကို တွေ့ဖူးကြရဲ့လား။ ဒီတော့ သေခြင်းတရားက လှသလား။ အိုင်အက်စ်တွေ ရှေ့မှာ ဒူးထောက်ထားရ လက်နှစ်ဖက်ကို လက်ပြန်ကြိုးတုပ်ခံထားရရင်း သူ့လည်ကို လာပြီး လှီးဖြတ်မယ့် အချိန်ကို စောင့်ဆိုင်းနေရသူ အတွေးမှာ ဘာတွေ ဖြစ်မလဲ။ ရုပ်ရှင်ထဲကလိုပဲ သေခါနီးမှ Read More

Real Life Stories

ကောလင်းလ္ဘက်ရည်

‘ကောလင်းလ္ဘက်ရည်’ Ei Thandar Aung ဒီနှစ်ထဲ ခရီးတခုသွားရင်းနဲ့ ကောလင်းနယ် အရှေ့ခြမ်းထဲကို ကျမ ရောက်ခဲ့တယ်။ အင်းတော်ကနေ ကောလင်း၊ ကန့်ဘလူနယ်ထဲအထိ ပိတ်မိနေတဲ့ မြစ်ကြီးနားအတက်နဲ့ မန္တလေးအဆင်း ကားတန်းရှည်ကြီးတွေ။ လမ်းဘေးဝဲယာမှာ မီးရှို့ခံထားရတဲ့ အိမ်ခြေတွေ အများကြီး ကြားထဲပေါ့။ ကောလင်းကိုရောက်တော့ နေ့လယ်ထမင်းစားချိန် ကျော်သွားပြီ။ အဲဒါနဲ့ပဲ လမ်းလေးခွဆုံမှာ ဖွင့်ထားတဲ့ ထမင်းဆိုင်လေးထဲကို ဝင်ထိုင်ဖြစ်တယ်။ ဆိုင်လို့သာ ပြောတာပါ။ တကယ်တော့ မီးရှို့ခံထားရတဲ့ သွပ်တွေ၊ Read More

အက်ဆေး

တောင်တက်သမားများအကြောင်း

‘တောင်တက်သမားများအကြောင်း’ ​ရေ​အေး ၁။ “တောင်တွေက ငါတို့ကို လက်ယပ်ပြီး ခေါ်နေပြီ။ ငါတို့ တက်မှရတော့မယ်” ကျနော်သိသလောက် တောင်တခါမှ မတက်ဖူးသော ကဗျာဆရာမိတ်ဆွေတဦး လွန်ခဲ့သည့်နှစ်များစွာက ပြောဖူးသည့် တောင်တွေ၏ ခေါ်သံအ​ကြောင်းကို ဒီရက်ပိုင်း မဆီမဆိုင် သတိရနေမိသည်။ ထိုစကားကို ကြားကြားချင်းတုန်းက အတော်ငယ်ရွယ်သေးသည့် ကျနော်က တဖက်သားကို အားမနာတမ်း ဟက်ဟက်ပက်ပက် ရယ်မိသည်ကိုလည်း ဆက်တွေးမိပါသည်။ “တောင်တွေက စကားပြောပါ့မလား၊ ခင်ဗျားတို့ကဗျာဆရာတွေက စောက်ပိုတွေ တအားပြောတာပဲ” ပြီးလျှင် Read More

သတင်းသုံးသပ်ချက်ဆောင်းပါး

စစ်နဲ့ တော်လှန်ရေးအတွေးအခေါ်

⁨”စစ်နဲ့ တော်လှန်ရေးအတွေးအခေါ်” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ​ကျော်​ဇောခိုင် ဇွန် ၁၃ ရက်နေ့က အစ္စရေးလ်ဟာ အီရန်မြို့တော် တီဟီရန်ရဲ့ တောင်ဘက်မှာရှိတဲ့ နတ်တန်ဇ်က ယူရေနီယမ် သန့်စင်စက်ရုံကို ဗုံးကြဲ တိုက်ခိုက်လိုက်တဲ့အတွက် အမြဲလိုရန်စောင်နေတဲ့ အစ္စရေးလ်-အီရန်စစ်ပွဲဟာ တကယ် အသက်ဝင်လာခဲ့ပြီဖြစ်တယ်။ စစ်ပွဲ ၆ ရက်ကြာလာတဲ့အခါမှာ ထင်ရှားလာတာတခုက အစ္စရေးလ်ရည်ရွယ်ချက်ဟာ အီရန်ရဲ့ နျူကလီးယားအိပ်မက်ကို အနည်းဆုံး ဟန့်တားထားနိုင်ဖို့နဲ့ အခွင့်သာရင် ဖျက်ဆီးပစ်ဖို့ ဆိုတာဖြစ်တယ်။ Read More

အက်ဆေး

နှင်းဆီ ၈၀ သို့

“နှင်းဆီ ၈၀ သို့” စံပယ်ဖြူနု မြင်ကွင်း (၁) ၁၉၈၉ ခုနှစ်၊ နွေဦးရာသီ။ အသက် ကိုးနှစ် အရွယ် မိန်းကလေးငယ်သည် ခန္ဓာအတွင်း ရှိသမျှ မီးစာကို တပြိုင်တည်း ထွန်းညှိအသုံးပြုသည့်ပမာ လေဟုန်ကို ခွင်း၍ တဟုန်တိုး ပြေးနေသည်။ လမ်းကလေးမှာ ရပ်ကွက်အတွင်းပိုင်း လမ်းသွယ်များထုံးစံ ကွေ့ကောက်ကောက် ကျဉ်းမြောင်းမြောင်း။ ဘေးဘီက ဝါးရိပ်၊ သစ်ရိပ်တို့မှာ မိန်းကလေးကို အံ့အားတသင့် ငုံ့ကြည့်နေကြသည့်နှယ်။ အပြေးပွဲများ ရှိလျှင်၊ Read More

အယ်ဒီတာစကား

ဟက်ပီးဘက်ဒေး

… သမီးမျှော်မှန်းတဲ့ လွတ်လပ်တဲ့ တရားမျှတတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သို့ အရောက်သွားနိုင်ပါစေလို့ …

ဆောင်းပါး

ကိုကြီးညိုပြောပြတဲ့ သူဌေးသားအဖဝတ္ထု

“ကိုကြီးညိုပြောပြတဲ့ သူဌေးသားအဖဝတ္ထု” အော်စွန်းမိုင် ငလျင်လှုပ်ခတ်အပြီးမှာ မန္တလေးက ကိုကြီးညိုတို့အိမ်ကြီး ဘာမှမဖြစ်ဘဲ အကောင်းပကတိနီးပါး တည်ရှိကျန်ရစ်ကြောင်း သတင်းကြားရတဲ့အတွက် နည်းနည်းတော့ စိတ်သက်သာရာ ရရှိပါတယ်။ ကိုကြီးညိုတို့ မိဘနှစ်ပါးက နှစ်ရှည်လများ အပတ်တကုတ် ကြိုးစားပမ်းစား လုပ်ကိုင်ဆောင်ရွက်ခဲ့ရာကနေ ယနေ့အနေအထားအထိ တည်တံ့ခိုင်မြဲတဲ့ လူနေမှုစနစ်နဲ့ ပြည့်စုံကောင်းမွန်တဲ့ နေရေး၊ စားရေးမှာ ယုံကြည်စရာကို ယုံကြည်သက်ဝင်၊ သစ္စာရှိစရာကို သစ္စာရှိခဲ့၊ အလုပ်အကိုင်လိုသူအတွက် အလုပ်အကိုင် ဖန်တီးပေးခဲ့နိုင်ပြီး နောက်လူတွေကို မြေတောင်မြှောက်ပေးနိုင်ခဲ့တဲ့ ဘဝများနဲ့ Read More

ကဗျာ

ငါတို့ဟာ သွေးမထွက်ဘူး

“ငါတို့ဟာ သွေးမထွက်ဘူး” မွန်လတ် ငါ့ခန္ဓာကိုယ်အောက်ပိုင်းတခုလုံး ဖြတ်ချခံရတယ် နှစ်ပေါင်းများစွာငါတို့လည်ပင်းအရင်းနားကနေရစ်ပြီး တတိတိဖြတ်လာတာမျိုးပေါ့ ငါတို့ခေါင်းတွေ ဘောလုံးလုပ်အကန်ခံရတယ် မျက်လုံးတွေဖောက်ထုတ်ခံရချိန်မှာ အဲဒိ မျက်ခွံဟောက်ပက်တွေကထွက်လာတဲ့ မျက်ချေးကို ထိုးကလော်ပြီးငါတို့ကိုကျွေးတယ် ငါတို့အရိပ်တွေထွက်ပြေးနေလို့ စားနေရင်းတန်းလန်း မျက်ရည်ကျရတဲ့နှစ်တွေ ည၊ ပါးစပ်အဝတ်ဆို့ပြီး ရင်ဝစောင့်ကန်ပစ်လိုက်တဲ့ ကာဖျူးချိန်အကျော်လေးကမိုးတွေ ကြေငြာချက်တွေနဲ့သတင်းဆိုးကြီးကြားပြီးပြီးခြင်း သွေးစက်လက် ဒရွတ်ဆွဲနေတော့တာ သူတို့ဖမ်းမိမိခြင်း နံရံမှာကပ် ပစ်သတ်လိုက်ကြတယ် အစစ်ဆေးမရှိ၊ ကျင့်ဝတ်သိက္ခာမရှိ မီးနေသည်မရှိ သုံးလသားအရွယ်ကလေးမလေးမရှိ ရင်ခွဲပြီးဖြစ်သလိုပြန်ချုပ်ထားတဲ့ သူ့အဖေရဲ့အလောင်းကိုစစ်ကြောရေးမှာ သွားထုတ်ရတယ် သွားတွေမရှိတော့ဘူး Read More