သီတင်းတပတ်စစ်ရေးစစ်ရာ

စစ်ရေးစစ်ရာ တပတ်တာ (၃၆)

“စစ်ရေးစစ်ရာ တပတ်တာ (၃၆)” နောင်လူသစ် – ဇွန်လ (၁) ရက်မှ ဇွန်လ (၇) ရက်အထိ ☆ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁) ရက်မှ ဇွန်လ (၇) ရက်အထိ တပတ်အတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၃၈) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ ☆ တပတ်တာအတွင်း စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးဖြင့် Read More

နတ်သမီးပုံပြင်ထဲမှာ ညနေဟာ လွင့်လွင့်လေး

နတ်သမီးပုံပြင်ထဲမှာ ညနေဟာ လွင့်လွင့်လေး ​အပိုင်း (၂)

‘နတ်သမီးပုံပြင်ထဲမှာ ညနေဟာ လွင့်လွင့်လေး’ မင်းချစ်ပိုင် ​အပိုင်း (၂) ကျမ လိုက်နာကျင့်ကြံပြီး နေထိုင်ဖို့ကြိုးစားခဲ့တဲ့ တရားတွေဟာ ကျမရဲ့ငြိမ်းချမ်းမှုကို ရှာဖွေတွေ့ရှိနိုင်ပြီး ကျမအပေါ် တရားမျှတမှုရှိလိမ့်မယ်လို့ ကျမ ယုံကြည်ခဲ့ဖူးတယ်။ ငြိမ်းချမ်းမှုအစား ကျမ ဘာကို ရှာဖွေတွေ့ရှိခဲ့တာပါလဲ။ ကျမရဲ့ခံစားချက်တွေနဲ့ လွတ်လပ်မှုတွေကို ထိန်းချုပ်ထားတဲ့ အလွန်အမင်းသည်းခံရခြင်းနှင့် မမျှတတဲ့ အခွင့်အရေးတွေအပေါ် ကျေနပ်နေဖို့ တွန်းအားပေးတဲ့ ရောင့်ရဲခြင်းတွေပဲဖြစ်တယ်။ အဲဒီအချိန်မှာ ကျမ တရားတွေကို ခတ္တမျှခေါက်သိမ်းပြီး ကိုယ့်ကိုယ်ကိုယ် ရှာဖွေတဲ့အခါ Read More

Flim Reviews

အဝါရောင်တိမ်တွေနဲ့ နေ့

‘အဝါရောင်တိမ်တွေနဲ့ နေ့’ ညီလင်းအိမ် ပြတင်းတံခါးကို ဖွင့်ပြီးတော့ ကောင်းကင်ဆီကို မော့ကြည့်လိုက်တဲ့အခါ ပြေးနေတဲ့တိမ်တွေဟာ အဝါရောင်တွေဖြစ်နေတာကို မြင်ရရဲ့။ တကယ်က ကွန်ပျူတာစခရင်ကြည့်‌နေရင်း မောသွားတဲ့ အချိန်တွေခဏ။ အတွေးတိမ်တောင်များဝေ့ဝဲနေစဉ်ခဏ။ သက်ပြင်းနွမ်းလျများ အနည်းငယ်မျှ တိုးလျော့သက်သာစေချင်တဲ့ ခဏ။ ဒီလိုခဏငယ်များကြောင့် ပြတင်းတံခါးကို တွန်းဖွင့်လိုက်မိတာပေါ့။ ဒါပေမဲ့ ကျ​နော်ဆက်လက်ပြီး တွန်းဖွင့်မိတဲ့ တံခါးက အိမ်ရှေ့ဝဆီက တံခါးချပ်များ မဟုတ်။ ခန်းစီးစများ လွင့်ခါနေသော ပြတင်းချပ်ကလေးများ မဟုတ်။ တိုင်ဝမ်နိုင်ငံကလေးဆီက ရုပ်ရှင်တံခါးချပ်များဆီ။ Read More

Short Stories

အမေ့ရဲ့ မိလေး

‘အမေ့ရဲ့ မိလေး’ မအိ (ရေကြည်) မိ‌လေး။ နာမည်ရှေ့မှာ မိတပ်ထားတော့ မွန်လူမျိုးဟု ထင်ကြမည်ထင်သည်။ သို့‌သော် မဟုတ်ပါ။ အဖေ ဗမာ အမေ ဗမာမှ မွေးထားသော ဗမာစစ်စစ်တယောက်ဖြစ်သည်။ မိ‌လေးဟူသော အမည်မှာ ကျမအမေ ကျမကိုခေါ်သော နာမည်ဖြစ်သည်။ အလုပ်လုပ်ရာတွင် ဖြည်းဖြည်း လေး‌လေး နှေးနှေးကွေးကွေး လုပ်တတ်သောကြောင့် မိလေးဟု ခေါ်ခြင်းဖြစ်သည်ဟု အမေကပြောသည်။ အမေ အလုပ်တခုခုခိုင်းလျှင် တော်တော်နဲ့ မပြီးသောကြောင့် ကျမကို Read More

ကဗျာ

ဒေသန္တရ Daylight Sonata

‘ဒေသန္တရ Daylight Sonata’ မေရီသော် ၊ ရွက်စိမ်း မွန်းစတား ဘယ်နှကောင်ကို သတ်နိုင်ရင် ဟီးရိုးဖြစ်ပြီလဲလို့ ကောင်လေးက တွေးမိတယ်။ ဒီနေ့မနက် သူကျောင်းသွားတဲ့လမ်းမှာ ဓားတစ်ချောင်း ကောက်ရခဲ့တာ။ ဒီနေ့မိုးလေဝသ ခန့်မှန်းချက်အတိုင်းပဲ မရေတွက်နိုင်တဲ့ဓားမိုးတွေရွာပြီး မြို့လေးဟာ စုတ်ပြတ်ပျက်ဆီးသွားပါတယ်။ ဒါပေမဲ့အဆောက်အဦးတစ်ခုထဲမှာ skin careနေတဲ့အမျိူးသမီးတစ်ယောက်ရှိပြီး သူ့အိမ်ကတော့ ဓားမိုးလွှဲတပ်ထားလို့ ဓားမိုးရွာတာကိုမခံစားရတာ။ ငှက်တွေဟာ အတောင်ပံကုန်ဖွင့်လို့ ပြေးကြတယ်။ မပြေးနိုင်တဲ့ငှက်တွေကတော့ အစိုးရရုံးတွေနဲ့ ဘုရားရှိခိုးကျောင်းတွေရဲ့ ဖွာလန်ကြဲသွားတဲ့အလံတော်တွေအောက်ကို ဝပ်တွားသွားကြတယ်။ Read More

ဆောင်းပါး

တော်လှန်ရေးလမ်းခရီးမှာ ကျပျောက်မသွားသင့်တဲ့ ကိုယ့်ကိုယ်ကို လေးစားစိတ်

“တော်လှန်ရေးလမ်းခရီးမှာ ကျပျောက်မသွားသင့်တဲ့ ကိုယ့်ကိုယ်ကို လေးစားစိတ်” မြကေခိုင် ဘဝမှာ အကြောက်ဆုံးက ကိုယ့်ကိုယ်ကို လေးစားစိတ် ပျောက်ဆုံးသွားမှာကိုပါပဲ။ ကျမတို့ဟာ ကိုယ့်ကိုယ်ကို လေးစားလို့ တော်လှန်နေကြတာ ဖြစ်ပါတယ်။ မိမိအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှု၊ မတရားမှုကို မခံနိုင်လို့ တော်လှန်နေကြတာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို လေးစားရင် ကိုယ့်အပေါ်လုပ်တာ မကြိုက်တဲ့ အပြုအမူကို သူတပါးကိုလည်း မလုပ်ရသလို လုပ်လာရင်လည်း ငုံ့မခံတဲ့စိတ် ရှိပါတယ်။ ကိုယ်တိုင်က မကြိုက်ပါဘူးလို့ အော်ဟစ်နေပြီး Read More

သတင်းသုံးသပ်ချက်ဆောင်းပါး

ဂယက်တွေနဲ့ အနက်တွေ

“ဂယက်တွေနဲ့ အနက်တွေ” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ​ကျော်​ဇောခိုင် ထရမ့် ဒုတိယသက်တမ်း စကတည်းက အရှေ့တောင်အာရှ၊ တောင်တရုတ်ပင်လယ်၊ ထိုင်ဝမ်အရေးတွေနဲ့ပတ်သက်လို့ တရားဝင် ဘာမှ တိတိကျကျ ထုတ်ဖော် မပြောကြားခဲ့တဲ့ အမေရိကန်ဟာ မေ ၃၁ ရက်နေ့က ရှန်ဂရီလာ ဒိုင်ယာလော့ခ်မှာ အသံထွက်လာတယ်။ ကျနော်တို့ အင်ဒို ပစိဖိတ်ဒေသကို ဂုဏ်ယူစွာ ပြန်လည်ရောက်ရှိလာပြီလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီတာဟက်ဆက်က ဆိုတယ်။ ဒီပွဲမှာပဲ Read More

ဆောင်းပါး

မှတ်ချက်တခုနှင့် စိတ်မလုံခြုံမှု

‘မှတ်ချက်တခုနှင့် စိတ်မလုံခြုံမှု’ Ei Thandar Aung “အဲ့နေ့က ကျမက ရုံးသွားနေတာ။ ရုံးနောက်ကျနေလို့ YBS မစီးတော့ဘဲ Taxi ငှားစီးသွားတာ။ ဖုန်းသုံးနေတဲ့အချိန်မှာ သူငယ်ချင်းတယောက်က စာပို့လာလို့ ကြည့်လိုက်တော့ အရမ်းလန့်သွားပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်သွားခဲ့တယ်” မဝေအောင် (အမည်လွှဲ) သည် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး KBZ Bank တွင် ဘဏ်ဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နေသူဖြစ်သည်။ အသက် ၂၈ Read More

ကဗျာ

ပေါ့ပါးနိူင်ကြစေ

‘ပေါ့ပါးနိူင်ကြစေ’ ခွန်းနီ မီးတွေ မီးတွေ ဒီနိူင်ငံမှာမီးတွေကြီးပဲ မချိမဆန့်လောင်မြိုက်နေကြတာ တွေ့လား တွေ့ကြရဲ့လား။ မီးတွေကပြောတယ် ငါတို့ကိုအသက်ညှာဆုံးဝါးမြိုပစ်မယ်တဲ့ လေပူတွေကနေတစ်ဆင့်ငါသတင်းရတယ် နားကြားမှားတာလို့နှစ်သိမ့်သူမရှိပါဘူး အရိုးပြိုင်းပြိုင်းနဲ့အိမ်တိုင်အတိုအရှည်တွေဟာ မသေပဲကျန်ခဲ့တဲ့သူရဲကောင်းတွေလို ခေါင်းတွေမော့ထားလျှက်။ ဆုံးရှုံးခဲ့တဲ့ဘဝတွေအတွက် သူဆယ်ယူပေးနိူင်ခဲ့တာဒါပဲရှိမယ် မီးကျွမ်းပြီးကျန်ခဲ့တဲ့အိမ်တိုင်တွေမှန်း ရိပ်မိလာတဲ့အခါခေါင်းတွေပြန်ငုံ့သွားတယ် ဒုတိယအကြိမ်လောင်ကျွမ်းခံဖို့ခက်နေရှာမှာ။ စစ်တလင်းမှာကိုယ်ကျိုးနည်းခဲ့ကြသူတွေ ပြာထုတ်တွေပိုက်ပြီး ဘဝတွေကိုဆန်ပြာသလိုပြာကြည့်နေရှာတယ် မျက်ရည်တွေသာတစ်ဖွဲဖွဲကျလာပြီး ဘဝတွေဟာပြာတွေနဲ့ရောထွေးသွားပြီ။ ပေါ့ပါးပါစေဘဝတွေရေ တစ်ကယ်ပေါ့ပါးလွတ်မြောက်ကြပါစေ ထွက်သွားသူတွေလဲပေါ့ပါးပါစေ ငါတို့မှာတော့လေးလံနေရဆဲ မသေနိူင်သေးလို့ဖြစ်မှာပါ။ အသက်ရှုရတာခက်သလောက် သေရတာကျလွယ်လွန်းတဲ့နိူင်ငံမှာ အားလုံး အားလုံး ပေါ့ပါးကြပါစေ Read More

Real Life Stories

ဖြစ်ပုံကိုယ်တွေ့တခု (၂)

‘ဖြစ်ပုံကိုယ်တွေ့တခု (၂)’ ထွင် သည် ဖြစ်ပုံကိုယ်တွေ့တခုကလည်း ကျွန်ုပ်တသက် မှတ်မှတ်ရရ ရှိနေဦးမှာပါ။ *** တော်လှန်စားဖိုမှူးဖြစ်သော ကျွန်ုပ်ထံ အိမ်က မက်ဆေ့ပို့လာသည်။ စာအုပ်ချုပ်စရာတွေ အများကြီးရှိလို့ အိမ် ခဏပြန်ခဲ့ပါဦး တဲ့။ ကျွန်ုပ် အလွန်ပျော်သွားရသည်။ စာအုပ်များ ချုပ်ရတော့မည်ကြောင့် မဟုတ်။ ပျော်ရသည့်အကြောင်းများက အများကြီးပါ။ ကျွန်ုပ်မှာ စာအုပ်ချုပ်စက်ကြီး ရှိသည်။ အပေါက်ဖောက်ပြီး ချုပ်ရသည်မဟုတ်။ စာအုပ်ကို စက်အောက်မှာထားပြီး ဂျိုင်းကနဲ တချက် နှိပ်လိုက်ရုံသာ။ Read More