ညီမလေး မမနွယ် (၁)

မိုးသွေးညို

by The Call
76 views
“ညီမလေး မမနွယ် (၁)”
◾️ မိုးသွေးညို
ကိုယ်က ပြေးသွားတာလား
သူက ဝေးသွားတာလား
ခြားနားခြင်းကို ဘယ်လိုတွက်တွက်
နွေဦးနေ့ရက်တွေမှာ
မေတ္တာဓာတ်ဟာ သင်းသင်းပျံ့
တယောက်ကို တယောက် ချစ်ခဲ့
တယောက်နဲ့ တယောက် ပျော်ဝင်ခဲ့
တယောက်ရဲ့ တယောက် တံတိုင်းဖြစ်ခဲ့
တိုက်ပွဲခေါ်လို့ တိုက်ပွဲပျော်ခဲ့
မောင်းပြန်တွေရှေ့
ဒေါင်းအလံ တလူလူလွှင့်ထားတဲ့
သူ့လက်သီးဆုပ်လေး…
ကြွေးကြော်သံတွေ ထန်‌နေဆဲ
သေနတ်သံ‌တွေ ညံခနဲ
ခေါင်းစည်းပုဝါလေး နီနီရဲ
အို.. သွေးအစက်စက် မြေနီ‌လမ်းလေး
အဆောင်ရှေ့မှာ ဖျတ်ခနဲ ကျကွဲ
စိန်ပန်းတွေလည်း တောလဲခဲ့
သစ်ရိပ်ခုံ လူနှစ်ယောက်
ကြေးသွန်းနဲ့ မြို့ရှောင်လမ်း
ဘွဲ့နှင်းသဘင် ကံ့ကော်တန်းက
ကိုယ်သင်းရနံ့လေးကို လွမ်းပါတယ်။
၃၀၊ ၁၂၊ ၂၀၂၅

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment