မစ္စစ္စပီ လောင်ကျွမ်းခြင်း
ညီလင်းအိမ် လူအဖွဲ့အစည်းတခုခုအကြားမှာ မယုံသင်္ကာတွေ၊ ခိုက်ရန်ဒေါသတွေ၊ စည်းလုံးမှု ပျက်ပြားတာတွေဖြစ်ဖို့ အလွယ်ကူဆုံး အဆိပ်ခပ်လို့ ကောင်းတဲ့အရာက ဘာသာတရားကို အကြောင်းပြုပြီး အမုန်းစကားပြောရင်းနဲ့ပဲ စည်းရုံး လှုံ့ဆော်တာတွေဖြစ်မယ်။ ကျနော်တို့တိုင်းပြည်မှာဆိုရင် ပင်မရင်းမြစ်အားဖြင့် လူမျိုးစု ရှစ်မျိုးခန့် ရှိသော်လည်း ဗမာလူမျိုးစုကသာ မြန်မာနိုင်ငံထဲမှာ အင်အားအကြီးဆုံး၊ အသာလွန်ဆုံးနဲ့ အခြားသော တိုင်းရင်းသားလူမျိုးများအဖို့ ဗမာလူမျိုးကိုသာ မှီခိုပြီး နေထိုင်ရပ်တည်မှသာ အဆင်ပြေနိုင်မယ်ဆိုတဲ့ အမုန်းတရားကို အုပ်ထားပြီး လူမျိုးကြီးဆိုတဲ့စကားနဲ့ ခွဲခြား သင်းသတ်လိုက်တာ ဖြစ်တယ်။ […]