Flim Reviews

ခေတ်သစ် မပဋာစာရီ

‘ခေတ်သစ် မပဋာစာရီ’ ညီလင်းအိမ် ဗုဒ္ဓစာပေနိပါတ်တော်တွေထဲမှာ ဖတ်ဖူးခဲ့ရတဲ့ မပဋာစာရီရဲ့ အကြောင်းကို လူအများစုသိကြမယ်ထင်ပါတယ်။ အင်မတန်မှသနားစရာကောင်းတဲ့ ဖြစ်ရပ်ဆိုတော့ ခေတ်အဆက်ဆက် ဇာတ်ထုပ်တွေ၊ ရာဇဝင်ရုပ်ရှင်တွေအဖြစ်လည်း အသက်သွင်း တင်ဆက်ခဲ့ကြရတယ်။ ဒီရုပ်ရှင်ဟာလည်း ခေတ်သစ်မပဋာစာရီ ဇာတ်ထုပ်အဖြစ်ပဲ တင်စားရမလား မသိပါဘူး။ ယခုဇာတ်လမ်းရဲ့မြစ်ဖျားခံရာက ကမ္ဘာ့အရှေ့အလယ်ရပ်ဝန်းက ဒေသတခုကို အခြေခံထားတာဖြစ်ပါတယ်။ လက်ဘနွန်ဘက်က ဒေသတွေလို့ဆိုရမှာပေါ့။ (ထိလွယ်ရှလွယ်အရေးတွေပါတာမို့ ဒါရိုက်တာဟာ အတိအကျ ဖော်ပြထားခြင်းမဟုတ်တာလည်း ဖြစ်နိုင်ပါတယ်)။ ဇာတ်လမ်းရဲ့ အဓိက ပင်မ ဇာတ်ဆောင်က Read More

Flim Reviews

ရှင်သန်ရခြင်းများ

‘ရှင်သန်ရခြင်းများ’ ညီလင်းအိမ် ရှင်သန်ရဖို့ ဖြစ်လာမှတော့ သေဆုံးရဖို့အတွက်လည်း ရှောင်ပုန်းလို့ မဖြစ်နိုင်ဘူး။ မသေကြသေးတဲ့ ကျ​နော်တို့တွေအတွက် ကိုယ့်ရှေ့က အရင်ထွက်ခွာကြရသူတွေရဲ့ သေလမ်းခရီးကို မြင်ကြရတဲ့အခါ ပျော်ရွှင်ကြည်နူးရင်း ဝိညာဉ် စွန့်ခွာသွားတာကို တွေ့ဖူးကြရဲ့လား။ ဒီတော့ သေခြင်းတရားက လှသလား။ အိုင်အက်စ်တွေ ရှေ့မှာ ဒူးထောက်ထားရ လက်နှစ်ဖက်ကို လက်ပြန်ကြိုးတုပ်ခံထားရရင်း သူ့လည်ကို လာပြီး လှီးဖြတ်မယ့် အချိန်ကို စောင့်ဆိုင်းနေရသူ အတွေးမှာ ဘာတွေ ဖြစ်မလဲ။ ရုပ်ရှင်ထဲကလိုပဲ သေခါနီးမှ Read More

Flim Reviews

Beyto (2020)

‘Beyto (2020)’ ထွင် ဘေတို့လိုအဖြစ်မျိုး နိုင်ငံတိုင်းဆီမှာရှိကြတဲ့ LGBT တွေ ကြုံတွေ့ခဲ့ကြရမှာပါ။ (လူသားချင်း စာနာထောက်ထားစိတ် အပြည့်အဝ ရှိသွားပြီဖြစ်တဲ့ နိုင်ငံတွေမှာတော့ ကြုံရမှာ မဟုတ်တော့ဘူး) အရင်ကလည်း ကြုံခဲ့မယ်၊ အခုလည်း ကြုံနေတယ်၊ နောင်လည်း ကြုံနေရဦးမှာပါပဲ။ ကြုံနေရမှာကတော့ လူသားချင်း စာနာထောက်ထားစိတ် မရှိသေးသရွေ့ပေါ့။ LGBT လူစားတွေဟာ နိုင်ငံတိုင်းမှာရှိပါတယ်။ LGBT စိတ်ဟာ နိုင်ငံမရွေးဘူး ရှိနေမယ်။ နိုင်ငံမရွေးသလို လူတန်းစားလည်း မရွေးဘူး Read More

Flim Reviews

အဝါရောင်တိမ်တွေနဲ့ နေ့

‘အဝါရောင်တိမ်တွေနဲ့ နေ့’ ညီလင်းအိမ် ပြတင်းတံခါးကို ဖွင့်ပြီးတော့ ကောင်းကင်ဆီကို မော့ကြည့်လိုက်တဲ့အခါ ပြေးနေတဲ့တိမ်တွေဟာ အဝါရောင်တွေဖြစ်နေတာကို မြင်ရရဲ့။ တကယ်က ကွန်ပျူတာစခရင်ကြည့်‌နေရင်း မောသွားတဲ့ အချိန်တွေခဏ။ အတွေးတိမ်တောင်များဝေ့ဝဲနေစဉ်ခဏ။ သက်ပြင်းနွမ်းလျများ အနည်းငယ်မျှ တိုးလျော့သက်သာစေချင်တဲ့ ခဏ။ ဒီလိုခဏငယ်များကြောင့် ပြတင်းတံခါးကို တွန်းဖွင့်လိုက်မိတာပေါ့။ ဒါပေမဲ့ ကျ​နော်ဆက်လက်ပြီး တွန်းဖွင့်မိတဲ့ တံခါးက အိမ်ရှေ့ဝဆီက တံခါးချပ်များ မဟုတ်။ ခန်းစီးစများ လွင့်ခါနေသော ပြတင်းချပ်ကလေးများ မဟုတ်။ တိုင်ဝမ်နိုင်ငံကလေးဆီက ရုပ်ရှင်တံခါးချပ်များဆီ။ Read More

Flim Reviews

စစ်ကြီးပြီးစ ညနေခင်းများ

‘စစ်ကြီးပြီးစ ညနေခင်းများ’ ညီလင်းအိမ် ရုပ်ရှင်ကြောင်းမပြောခင် ဒီရုပ်ရှင်ပဲ့ကိုင် ဒါရိုက်တာကြီး Rithy Panh ရဲ့အကြောင်းကို ဦးဆုံး မိတ်ဆက်ပေးရမယ် ထင်ပါတယ်။ ၁၉၆၄ မှာ မွေးဖွားခဲ့တဲ့ ခမာနွယ်ဖွားဖြစ်တဲ့ ဒါရိုက်တာကြီး Rithy Panh က ခမာနီ အရေးအခင်းကြားထဲကနေ သေကံမရောက် သက်မပျောက်ခဲ့သူ တယောက်ဖြစ်တယ်။ ပိုပေါ့ပ်ကြီးစိုးပြီးတဲ့နောက်မှာ သူ့ရဲ့မိဘတွေ ဆွေမျိုးမောင်နှမတွေအားလုံး အဖမ်းခံရပြီး လုပ်အားပေးစခန်းတွေကို ပို့ဆောင်ခံခဲ့ရတယ်။ သူ့အသက် ၁၅ နှစ်အရွယ်မှာပဲ ခမာနီများရဲ့ Read More

Flim Reviews

The Lady (2011)

“The Lady (2011)” ထွင် ဒီရုပ်ရှင်ကြည့်ဖူးတာ ကြာပဲ ကြာခဲ့ပါပြီ။ ​စ, ကြည့်ခဲ့တုန်းက လူမှန်းတောင်မသိသေးတဲ့ ဆယ်ကျော်သက်အရွယ်လောက်က ဖြစ်မယ်။ ၂၀၁၁ ခုနှစ်မှာ ရုပ်ရှင်ထွက်ခဲ့တာဆိုတော့ ရုပ်ရှင်ထွက်အပြီး မကြာခင်လေးမှာ ကြည့်ခဲ့ရတယ်ထင်တာပဲ။ DVD ပြားကို အောက်စက်ထဲထည့်ပြီး ကြည့်ခဲ့ရတာ။ အဲဒီတုန်းက ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတချို့ကို ပီပြင်လွန်းတယ်ဆိုပြီး ကြောက်ရွံ့ခဲ့မိတာ မှတ်မိသေးတယ်။ အကြားအမြင်ဆရာမကြီးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သတ်ပစ်ခိုင်းလို့ သေနတ်နဲ့ပစ်သတ်တဲ့အခန်းနဲ့ အကျဥ်းသားတယောက်ကို ကန်ကျောက်ပြီး အလုံပိတ်အခန်းထဲ Read More

Flim Reviews

ဂင်္ဂါမြစ်ထဲက ပြာတွေ

“ဂင်္ဂါမြစ်ထဲက ပြာတွေ” ညီလင်းအိမ် (1) ဂင်္ဂါမြစ်နံဘေးက မီးသင်္ဂြိုလ်ရာ မြင်ကွင်းကြီးသည် သူ့အတွက်တော့ အဆန်းတကြယ်မဟုတ်နိုင်။ ကျနော့်အတွက်ကတော့ အံ့အားသင့်စရာပင်။ ဗာရာဏသီဝယ် လူတွေကွယ်လွန်ပြီးလျှင် မြှုပ်နှံတာမျိုး သိပ်မလုပ်ကြ။ မီးသင်္ဂြိုလ်သည့် စက်ထဲသို့လည်း မပို့ဆောင်ကြ။ ယင်းနေရာဝယ် မီးရှို့လိုက်ကြပြီး ကျန်ရစ်သော အရိုးပြာတွေကို မြစ်အတွင်းသို့ မျှောပစ်ကြခြင်းဖြင့် သေလွန်သူသည် ကောင်းမွန်ရာ ဘုံဘဝကို ရောက်ရသည်ဟု ယုံကြည်ကြသည်။ တနည်းအားဖြင့် မြစ်မင်းဂင်္ဂါကို နောက်ဆုံးခန္ဓာဖြင့် ပူ‌ဇော် ဦးခိုက်ခြင်းဟု မှတ်ယူနိုင်သည်။ Read More

Flim Reviews

ကျန်ရစ်ခဲ့ရခြင်းတွေ

“ကျန်ရစ်ခဲ့ရခြင်းတွေ” ညီလင်းအိမ် ကျနော်တို့ လူသားကမ္ဘာကြီးဆိုတာက ဖို မ၊ မ ဖို၊ ကျား မ၊ မ ကျား စလို့ ဒီစုံတွဲနဲ့ပဲ ပေါင်းစပ်အလုပ်လုပ်ရတာ ဖြစ်ပေတဲ့ ဘာရယ်ကြောင့်များ ခေတ်အဆက်ဆက်မှာ မ ဆိုရင် အဖြည့်ခံသဘောမျိုးပဲ စံထားချင်တာ။ မီးဖိုချောင်သုံး သတ္တဝါနဲ့ မျိုးပွားကိရိယာငယ်သဘောပဲ မှတ်ယူလာကြတာတွေစလို့ အရိုးစွဲဘာသာတရားမှာအထိ အမျိုးသမီးက ဘုရားမဖြစ်ရဘူးတွေ၊ တစက္ကန့်မျှ အခွင့်သာရင်တောင် ဖောက်လွဲဖောက်ပြန်ဖြစ်ဖို့ တာစူနေကြတဲ့ ရာဂတဏှာကြီးမားသူတွေအဖြစ်၊ နောက် Read More

Flim Reviews

The Reader (2008)

“The Reader (2008)” ထွင် ဒီရုပ်ရှင်ကြည့်ပြီးတော့ ဘယ်က စ, ပြောရမယ်ဆိုတာ အတော့်ကို စဥ်းစားယူရတယ်။ ကိုယ့်ဘဝမှာ ဝတ္ထုတပုဒ်ရေးဖို့ ကုန်ကြမ်းက ရှိနေပေမယ့် ပိုင်ပိုင်နိုင်နိုင် ချရေးဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုရင် ကုန်ကြမ်းမပြည့်စုံသေးလို့လို့ ယူဆပြီး မရေးဘဲ ပစ်ထားလိုက်တယ်။ နောက် ကြုံလာမယ့် အဖြစ်အပျက် တွေက အဲဒီဝတ္ထုရေးဖို့ ကုန်ကြမ်း ပြည့်စုံသွားစေနိုင်တယ်။ ဒီတော့ ကိုယ်လည်း ဒီရုပ်ရှင်ကြည့်ပြီး ဘယ်က စပြောရမယ်မသိ ဖြစ်နေတော့ Read More

Flim Reviews

ပိုက်ကွန်ထဲကငါး

“ပိုက်ကွန်ထဲကငါး” ညီလင်းအိမ် The Net (2016) ရုပ်ရှင်က ကကြီး အင်ဒီး ဒါရိုက်တာ ကင်ဒီဒုတ်ရဲ့ ကြွေလွင့်ခါနီး နောက်ပိုင်းဆဲဆဲမှာ ထွက်ခဲ့တဲ့ ရုပ်ရှင်ဖြစ်တယ်။ ကိုးဗစ်ရဲ့ သေမင်းတမန်တွေဟာ ဒါရိုက်တာ ကင်ကီဒုတ်ကိုပါ လူ့ကမ္ဘာထဲကနေ ဆွဲခေါ်သွားခဲ့ပါတော့တယ်။ သူမသေခင် ရိုက်ပြသွားခဲ့တဲ့ ဒီရုပ်ရှင်ထဲက ဇာတ်ကောင်က ကျနော်တို့ဘဝတွေကို ပြန်ပြောင်း သတိရစေတယ်။ တချက်တချက်မှာ ရယ်ချင်စရာကောင်းပြီး တချက်တချက်မှာ သနားစရာကောင်းတယ်။ နောက် တော့လည်း ကင်ရဲ့ ထုံးစံအတိုင်း Read More