ကဗျာ

ဒီကိစ္စတွေပြီးရင် မေမေ့ကို ဖတ်ပြဖြစ်မယ့် ကဗျာတစ်ပုဒ်

‘ဒီကိစ္စတွေပြီးရင် မေမေ့ကို ဖတ်ပြဖြစ်မယ့် ကဗျာတစ်ပုဒ်’ သူရိယလင်း ဒီည အိပ်ပျော်သွားရင် မေမေ့ရင်ခွင်ထဲမှာ ပြန်နိုးလာခဲ့ရင် သိပ်ကောင်းမှာပဲ။ သား တစ်ယောက်ထဲ ရှင်သန်ရချိန်တွေမှာ အမေ့ကို ကူညီတတ်ခဲ့ပြီပြောပြီး အမေ့ကို သူသောက်ချင်တဲ့ သစ်သီးဖျော်ရည်လေး ဖျော်ပေးရင်း အနားမှာထိုင်နားခိုင်းပြီး ကိုယ်တိုင်ချက်ပြုတ်မယ်။ ရယ်ကျဲကျဲနဲ့ သားငယ်ကို ကြောင်တောင်တောင်ကြည့်နေတဲ့ အမေ့ကို ပါးလေးတွေ နမ်းရင်း ချွဲမယ်။ အိမ်အလုပ်တွေအကုန်လုပ်ပေးပြီးမှ အပြင်ထွက်မယ်။ ဟုတ်တယ် မေမေ။ သား အိပ်မက်ဆိုးကြီး တစ်ခု […]

ကဗျာ

ကျွန်တော်သိတဲ့သူပုန် (ဝါ) အထောက်အထားမဲ့ကဗျာဆရာ

‘ကျွန်တော်သိတဲ့သူပုန် (ဝါ) အထောက်အထားမဲ့ကဗျာဆရာ’ ခွန်းနီ အထောက်အထားမဲ့ ကဗျာဆရာတစ်ယောက် ခေတ်ကြီးနောက် ကောက်ကောက်ပါအောင်လိုက်ခဲ့ ဂုဏ်မဲ့၊ဒြပ်မဲ့နဲ့ ဖြစ်သလိုကဗျာဆရာပါ။ ခေတ်ကြီးကခပ်လှုပ်လှုပ်ဆိုတော့လည်း ကဗျာဆရာ့အိမ်မက်တွေလည်း ခပ်မြုပ်မြုပ်ပါပဲ ခေတ်ကြီးများဆိုးတော့ အနာဂတ်တွေပါကျိုးရော။ ကဗျာဆရာတွေစစ်တိုက်ကြတဲ့ခေတ်ကို ရောက်နေပြီ တစ်ချို့က လူလုပ်တဲ့သေနတ်တွေကိုင်လို့ တစ်ချို့က ရင်ထဲကထွက်တဲ့စကားလုံးတွေနဲ့တိုက်လို့။ ကဗျာဆရာဟာလည်း စစ်ကြီးထဲကိုမိုက်မိုက်မဲမဲတိုးခဲ့တယ် အသိုက်အမြုံတွေကို အရေခွံတွေလိုပုံထားခဲ့ပြီး ပြာပုံထဲကနေထပြီး ဒဏ်ရာတွင်းထဲခုန်ဆင်းခဲ့သလိုမျိုး။ ရုန်းရင်းကန်ရင်းနဲ့ကျော်လွှားရတဲ့ သက္ကရာဇ်တွေမှာ ကဗျာဆရာဟာ အနည်ထိုင်လာခဲ့ပြီထင်ပါရဲ့ ဒုက္ခဆိုရင် ဆွတ်နေကျရေမွှေးလိုသင်းပျံ့လို့နေရဲ့။ အတောင်တွေရုပ်သိမ်းထားလိုက်ပါ ကဗျာဆရာ […]

စကားပြေကဗျာ

အချစ်အကြောင်းတွေ မပြောဖြစ်ကြတော့ဘူး

‘အချစ်အကြောင်းတွေ မပြောဖြစ်ကြတော့ဘူး’ မေရီသော် မျက်မှောင်ကြီးကြုံ့ပြီး မကြည့်စမ်းပါနဲ့လို့ အားလုံးက ဝိုင်းပြောကြတယ် ဒါဆိုမျက်လုံးတွေကို စုံမှိတ်ထားမှသာရမှာဖြစ်ပြီး အဲ့ဒါက ရွေးချယ်စရာ မဟုတ်ခဲ့ဘူး‌ကွယ် နောက်ခံသီချင်းသံလည်း တိတ်ဆိတ်သွားတာ ကြာပြီ ပြတ်သွားတဲ့ဂစ်တာကြိုးလေး သွားရှာဝယ်တဲ့ လူကြုံကလည်း ပြန်မရောက်သေးလို့ နိုင်ငံအနှံ့အပြားက သင်းကွဲတွေ၊ သူရူးတွေ နဲ့ ဖလော်‌ဆော်ဖာတွေ ပေါင်းပြီး ဂြိုလ်သားတွေရဲ့အကူအညီနဲ့ ရန်ကုန်မြို့ကြီးကို တည်ထောင်ခဲ့ကြတာ အခုကျ မြို့ပြကို နာနာကျင်ကျင် လှမ်းအော်ခေါ်နေတဲ့ သူတို့အသံတွေကို တောနက်ထဲမှာ ညမှောင်ပြီဆိုရင် […]

ကဗျာ

တရားသောစစ် နိုင်ရမယ်

‘တရားသောစစ် နိုင်ရမယ်’ နောင်ရိုး(ကန့်ဘလူ) အသစ်တွေကသာ အဟောင်းဖြစ်သွားတာ အဟောင်းတွေက အသစ်ဖြစ်မလာဘူး အနာဂတ်အသစ်ကို အညစ်အပေမခံလိုတော့ မကောင်းတဲ့ အဟောင်းတွေကို ငါတို့ ပြောင်းလဲပစ်ကြရမယ် အကောင်းတွေ သစ်လာဖို့အတွက် အသစ်တွေ ကောင်းလာဖို့အတွက် ။ ကျောင်းတံခါးတွေ ပိတ် ထောင်တံခါးတွေ ဖွင့် အာဏာရှင်လွှင့်တဲ့ ရွက်ဆိုတာ ဘယ်ကမ်းကပ်ကပ် ဥပဒေမဲ့စမြဲ။ ငါတို့ခြေလှမ်းတွေ နောက်တွန့်လို့မရဘူး အသက်စွန့်သွားတာက သူရဲကောင်းတွေ ကောင်းမှုပြုပြီး အမျှဝေရုံနဲ့ သူတို့တတွေ ဘယ်ကျေနပ်မလဲ လတ်ဆတ်တဲ့ […]

ကဗျာ

မငြိမ်းချမ်းနိုင်သော နေ့စွဲများ

“မငြိမ်းချမ်းနိုင်သော နေ့စွဲများ” အာကာဘုန်းဝေ ၁ ။ လက်နက်တွေထမ်းပြီး ငြိမ်းချမ်းရေးဆွေးနွေးကြတဲ့အခါ ကမ္ဘာကြီးက ထထရယ်ပါတယ် ။ ၂ ။ ကမ္ဘာကြီး မငြိမ်းချမ်းတော့တဲ့အခါ ခင်ဗျားခံစားနေရတဲ့ အပူက ကျနော့်ကို လာလာဟပ်တယ် ။ ၃ ။ ကမ္ဘာပေါ်က ဒုက္ခစစ်စစ်တွေကို လူသားစစ်စစ်တွေကသာ သိမြင်ခံစားနိုင်လိမ့်မယ် ။ ၄ ။ ဖုန်းတွေဆက်တယ် ၊ မက်ဆေ့တွေပို့တယ် ၊ စကားတွေ ဝိုင်းဖွဲ့ပြောတယ် ၊ […]

ကဗျာ

သေနတ်နဲ့ပစ်လို့မသေတဲ့ငါတို့ခေါင်းတွေ

‘သေနတ်နဲ့ပစ်လို့မသေတဲ့ငါတို့ခေါင်းတွေ’ ဂနိုက် တကယ်သတ်ဖို့ပြင်ဆင်ပြီးရင် ရှေ့တိုးခဲ့တော့ မင်းတို့သေနတ်ကကျည်ဆံဟာ ငါတို့ကိုမသတ်နိုင်ဘူး ငါတို့ဉီးခေါင်းခွံတွေအောက်မှာ ချစ်ခြင်းမေတ္တာတွေရှိတယ် မင်းတို့ပစ်ရင် မင်းတို့သေမယ် ငါတို့ကနောက်ဆုတ်မှာမဟုတ်။ ခုတ်လို့မပြတ်တဲ့ကြိုးဟာ ငါတို့ခေါင်းပဲ ခပ်လို့မကုန်တဲ့ရေဟာ ငါတို့နှလုံးသား မင်းတို့သေရဲလားလို့မေးပြီးပြီ ငါတို့မှာတကယ်မသေတဲ့ခေါင်းတွေရှိတယ် မသတ်ရဲရင် နောက်ကိုရဲရဲဆုတ်လိုက် ငါတို့ဟာ စစ်ချီတေးကို သံပြိုင်အော်ပြီး ဒုန်းစိုင်းလာနေပြီ ဒီလမ်းတွေလွန်ရင် ပန်းတွေပွင့်တော့မှာ ကောက်ပဲသီးနှံတွေဖွေးဖွေးလှုပ်တဲ့နေ့တွေထပ်မမြင်ချင်တော့ရင် မင်းလက်ညိုးက ထရေဂါကိုဆွဲညှစ်ချလိုက် ငါတို့ကတော့ ဘယ်တော့မှမသေနိုင်တဲ့လူသားတွေ မင်းတို့လုပ်သမျှ မင်းတို့ခံရမယ် ငါတို့ကိုတချက်ပစ်ရင် မင်းတို့အသဲတခါကွဲမယ် နတ်ဘုရားတွေမရှိတဲ့ငါတို့ဘက်မှာ […]

ကဗျာ

ဒီနှစ်တွေမှာ ကိုယ်တို့ဘာတွေဆုပ်ကိုင်မိခဲ့ကြသလဲ

‘ဒီနှစ်တွေမှာ ကိုယ်တို့ဘာတွေဆုပ်ကိုင်မိခဲ့ကြသလဲ’ ဒီမောင် ကိုယ်ဟာ နှင်းဆီရေမွှေးရဲ့ အမှောင်ဘက်အခြမ်းက မှန်ထဲမှာ နှစ်ချို့ဝိုင်သောက်ရင်း သေသူတွေနဲ့ စကားစမြည်ပြောနေခဲ့ သူတို့ဆီက စကားလုံးတွေအစား သူတို့ပါးစပ်တွေ ဟလိုက်တာနဲ့ ဝေါခနဲ ပျံထွက်လာတဲ့ ယင်ကောင်စိမ်းစိမ်းကြီးတွေကိုသာ ကိုယ်ရခဲ့ နှစ်တွေကြာခဲ့ပြီးတာတောင် ဆက်လက်ရှင်သန်နေနိုင်တဲ့ ယင်စိမ်းကောင်ကြီးတွေပေါ့ တစ်ယောက်ယောက်ဟာ သူ့ရဲ့ဆံပင်တွေပေါ်က နှင်းတွေကို ဖယ်ဖို့ကြိုးစားနေတုန်း နောက်ထပ် နှင်းသက္ကရာဇ်တစ်ခု ထပ်ရောက်လာသလို ဘဝရဲ့ အထီးကျန်အေးခဲမှုကို အခုထိ နေသားမကျဖြစ်နေခဲ့ သစ်ကိုင်းကျိုးလို့ ပြုတ်ကျပြီး မသေဘူးဆိုတဲ့ငှက်မှာလည်း […]

ကဗျာ

ခရင်မ်ကာလာ မိန်းကလေး

‘ခရင်မ်ကာလာ မိန်းကလေး’ စံပယ်ဖြူနု ခရင်မ်ကာလာ မြို့ကလေးတဲ့ နေရာသစ်ကို သမီးက ဒီလို နာမည်ပေးလိုက်တယ် ပြီးတော့. . . ခရင်မ်ကာလာ အနု အရင့်ရောင် တိုက်တာ အဆောက်အအုံများ ဝရံတာထက်က လှုပ်လှုပ်ယိမ်းယိမ်း ပန်းရောင်စုံများ ခန်းဆီးရှည် ပိတ်ကာထားသော ဆိတ်ငြိမ်ပြတင်းတံခါးများ ဆောင်းဦးအမီ တဖွဲဖွဲ ကြွေသက်သော သစ်ရွက်ရော်များ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ပဲ အရာရာကို တစိမ့်စိမ့် ငေးတယ်။ အိမ်ပြန်ချင်တယ် အိမ်ပြန်ချင်တယ်လို့ သမီး ပြောတိုင်း […]

ကဗျာ

Window

‘Window’ ဂျော့လင်းညို အခန်းပြတင်းပေါက်ရဲ့ အပြင်မှာ ဥတုသုံးလီရှိတယ်… လူယန္တရားတွေရှိတယ်… ဒိတ်လွန်နေတဲ့ ပျော်ရွင်ခြင်းတွေကို စျေးပေါပါနဲ့ချရောင်းနေတဲ့ ဆိုင်တွေရှိတယ်… … အတုမျိုးစုံရနိုင်တဲ့ဆိုင်တွေ ရင်သားအတု တင်အတုကနေ အပြုံးအတု ခံစားချက်အတုတွေအထိ ရဲရဲတင်းတင်း ချရောင်းနေကြ… … အခန်းပြတင်းပေါက်ရဲ့ အပြင်မှာ ကိုယ့်သဘောနဲ့ကို စံနှုန်းကို စိတ်ကြိုက်ပြင်ဆင်သတ်မှတ်ကြ… … အသက်တစ်ချောင်းက ဆယ်သိန်း ဂန်းတစ်လက်က သုံးရာ့ငါးဆယ် မုဒိမ်းမှုက သိန်းခုနှစ်ဆယ်… လာထား လာထား ရေများရေနိုင် မီးများမီးနိုင်ပဲ… […]