ကဗျာ

သပြေညိုဟာ အောင်ပွဲနဲ့ အတူရောက်လာတယ်

နေဘုန်းလတ် “ငါ့မြေးရေ အဖွားနမ်းဦးမယ်နော်” သပြေညိုဟာ အမေအိုရဲ့ အနမ်းနဲ့အတူရောက်လာတယ် “ချစ်တယ် အကိုကြီး” သပြေညိုဟာ ကညာပျိုတို့ရဲ့ ရယ်သံနဲ့အတူရောက်လာတယ် “အောင်မြင်ပါစေ အောင်မြင်ပါစေ” သပြေညိုဟာ ပြည်သူတွေရဲ့ အပြုံးချိုချိုတွေနဲ့အတူ ရောက်လာတယ် သပြေညိုဟာ လမ်းကြိုလမ်းကြားတွေထဲကနေ ပြေးထွက် လမ်းမကြီးတွေထက်မှာ အဓိပ္ပါယ်ရှိရှိလန်းပွင့်လို့ သူ့ခေါင်းမှာလည်း သပြေညို ကိုယ့်ခေါင်းမှာလည်း သပြေညို သူတို့ရင်ခွင်ကနေထွက်သွားတဲ့ သားသမီးတွေကို မြို့ကလေးနဲ့ မြို့သူမြို့သားတွေက “သူရဲကောင်း” တွေလို ကြိုကြတယ် အောင်စည် အောင်မောင်းတွေတီး […]

ကဗျာ

ဘယ်လိုနေအောင်ပျော်ရမလဲ

Ya Khu အရမ်းကြိုက် အကြိုက်ရမ်း ခုန်တက်ခဲ့တာ နှင်းဆီခင်း ပြုတ်ကျတော့ တွင်းနက်ကနေ ရိုးရိုးနေထိုင်လည်း ထူးထူးဆန်းဆန်းပြဿနာတွေရောက်ရောက်လာတယ် ကဗျာဖတ်သလို သီချင်းနားထောင်ပြီး သီးချင်းနားထောင်သလို ကဗျာဖတ်တယ် စာမဖတ်တဲ့ ငါတို့မျိုးရိုးတွေရဲ့ကျောရိုးတွေ အက်ကွဲလုမတတ်ပဲ အခိုးအငွေ့တွေ ရှုထုတ်ပြီး သွင်းစရာသွေးတွေရှာဝယ်ကြရအောင်ဖြစ်တယ် ကြမ်းပြင်နဲ့ခေါင်မိုးက ပြိုင်မျဉ်းနှစ်ကြောင်းလို နားထဲရောက်နေတဲ့သံစုံတီးဝိုင်းအသံကို မျှဝေဖို့ရေရှာသောက်တယ် အဆုံးသတ်လှသွားအောင် မျက်လုံးတွေဖောက်ထုတ်ရဲတဲ့ သတ္တိရှိဖို့လိုတယ် ခေါင်းပါတာ ကိုက်ဖို့သက်သက်ဖြစ်ပြီး အမိန့်တွေကျ ဖီဆန်ရဲရမယ်လို့ စင်ပေါ်ရောက်လူတယောက်ဆုံးမတယ် အားထုတ်တိုင်း အားမရောက်အောင်ဘယ်နည်းဘယ်ပုံ ကြိုးစားခဲ့ရတာလည်းက […]

ကဗျာ

ဖြည်းဖြည်းနဲ့နှေးနှေးလေး

ဂနိုက် တိတ်တိတ်လေးတက်သွားကြတာပေါ့ အများကြီးလင်းနေရင် တို့တွေရွေးစရာသိပ်မလိုတော့ ချစ်ကြိုက်ရင်းစစ်တိုက်ကြပေါ့ အေးဆေးပဲ ဇောက်နက်ဖို့ စကောရှာမနေနဲ့ ပုံမှန်ရာသီဉတုအရ မီးလဲမလာဘူး ရေလဲထခပ်မနေနဲ့ နေချင့်စဖွယ် အနာတရလမ်းမများ မီးသင့်စားပွဲများ ငွေစက္ကူအကြွေများ ကိုယ်ရောက်ဖျောက်ချင်ရုံနဲ့တရားကျင့်မလို့လား အားလုံးကအရောင်တွေနဲ့ချည်းပဲမို့သမာပတ်ကိုခုတုံးမလုပ်နဲ့ ယုတ္တိဖြစ်မှုတွေကို ဝေဝါးစေတာတွေစိမ့်ဝင်လာနေပြီ ချစ်ခြင်းမေတ္တာသာရှာထားတော့ နေဝင်သွားတဲ့နေ့တွေမှာ ငိုကြွေးစရာပုခုံးကောင်းကောင်းရှာဖို့ပဲမှာချင်တယ် နေဖို့ထပ်သေဖို့ခက်ခဲသောနေ့များမှာ နေ့ဖို့ညစာဆိုတာ လူချမ်းသာတွေရဲ့ပြက်လုံးပါပဲ ညနက်တွေမှာ ဆေးလိပ်ဖွာ ကြယ်ကြည့်ချင်တဲ့အတွေးတွေကို ညစောင့်လုပ်သားကြီးတွေ တွေး၏မတွေး၏ လမ်းလျှောက်ထွက်တဲ့အခါ ဖိနပ်ပါလာဖို့ ဂရုတစိုက်ရှိနေတာမျိုးပါပဲ အေးအေးဆေးဆေးသာ သီချင်းအော်ဆိုနေလိုက် […]

ကဗျာ

သမ္မတကြီးထံ ​ပေးစာ

■ ​​​​မင်းသွင် ​ရေးသား​သော “​​သမ္မတကြီးထံ ​ပေးစာ” ကဗျာကို ​​မြင့်ထက်​အောင် ခံစားရွတ်ဆိုထားပါသည်။ – The Call ရဲ့ YouTube Channel (https://youtube.com/@thecall2022) တွင်လည်း Audio Book များကို ခံစားနားဆင်နိုင်ပါတယ်။

ကဗျာ

မျိုးဆက်တခုရဲ့ နှစ်နှစ်ဆယ်အကွာက ပုံပြင်

မောင်ဘိုး နံရံကြီးမှာ ရေညှိတွေတက်နေတယ်။ နံရံကြီးမှာ အင်္ဂတေတွေကွာကျနေတယ်။ နံရံကြီးမှာ အုတ်ခဲတွေကျိုးနေတယ်။ နံရံကြီးရှေ့မှာ သူတောင်းစားတွေ ရှိတယ်။ နံရံကြီးရှေ့မှာ စျေးသည်တွေ အလေးခိုးကြတယ်။ နံရံကြီးရှေ့မှာ ကလေးတစု ကော်ရှူနေတယ်။ နံရံကြီးရှေ့မှာ ညဥ့်ငှက်မလေးတွေ မြှူခေါ်နေတယ်။ နံရံကြီးပေါ် တက်ခွထိုင်ပြီး ငါတို့ ဆော့ကစားခဲ့တယ်။ နံရံကြီးပေါ်ခုန်ကျော်လွှားပြီး ငါတို့ကျောင်းပြေးခဲ့တယ်။ နံရံကြီးပေါ် ခါးတောင်းကျိုက်တက်ပြီး သရက်သီးခူးခဲ့တယ်။ နံရံကြီးကိုမှီပြီး အုပ်စုဖွဲ့ ဂစ်တာတီးခဲ့ဖူးတယ်။ နံရံကြီးကိုမှီပြီး ကျောင်းအပြန်လမ်းက ကတ္တီပါဖိနပ်ရှင်ကို စောင့်ဖူးတယ်။ […]

ကဗျာ

တရားသဖြင့်

■ ​​​​သွေးမြတ် ​ရေးသား​သော “​​တရားသဖြင့်” ကဗျာကို ​​စန္ဒီ ခံစားရွတ်ဆိုထားပါသည်။ – The Call ရဲ့ YouTube Channel (https://youtube.com/@thecall2022) တွင်လည်း Audio Book များကို ခံစားနားဆင်နိုင်ပါတယ်။

ကဗျာ

ခေါင်မှန်ခေါင်

အလင်းအိမ် (အညာ) ငယ်ငယ်က ပိုက်ဆံပစ်တိုင်းကစားဖူးလား။ ခေါင်မှာပဲ အသက်ရှိတယ်လို့ ယူဆပီး ကစားတဲ့ ကစားပွဲတခုမှာ ခေါင်မှန်တာနဲ့ သစ်သစ်ဟောင်းဟောင်း ကျန်တဲ့ပိုက်ဆံစေ့တွေဟာလည်း အလိုလိုသေရမှာပဲ။ အသက်ရှိတယ်ဆိုတာ ဉာဏ်ပညာရယ် ချစ်ခြင်းတရားရယ် ရှိတာကိုခေါ်တယ်။ အားလုံးဟာ ခေါင်လိုဖြစ်နေရမယ်။ ခေါင်ထိတာနဲ့ တန်းစီသာသေကြေးဆိုရင် အကုန်မျိုးတုံး ကုန်မှာပဲ။

ကဗျာ

ရတနာသုံးပါး

မောင်မိုးအေး ကတုတ်ကျင်းထဲမှာတော့ ဂီတ ကဗျာနဲ့ ဆေးလိပ်က ရတနာ သုံးပါးပဲ ငါ့ရဲဘော်ဆိုတာ ငါ့ရင်ဘတ် အချစ် မေတ္တာနဲ့ မီးစကို မျှကြတယ် သေနတ်ကို ပိုက်ထားပြီး အချစ်ကဗျာတွေ ရွတ်ကြတာထက် ထိချက်ပြင်းတာမရှိ အားလုံးရတဲ့ သံပြိုင်အပိုဒ်က အလွမ်းရဆုံးပဲ မိုးဖွားထဲမှာ မီးခြစ်က ထောက်ကနဲ မီးစက ရဲကနဲ မီးခိုးက ဖွားကနဲ ကတုတ်ကျင်းကို နက်နက်တူး ရင်ဘတ်တွေပစ်ထည့် ဒဏ်ရာတွေအတွက် ရတနာ သုံးပါးရှိတယ် ရဲဘော်တွေက […]

ကဗျာ

တူမီးစကား

မောင်ဇိုဖေ စိမ်းညို့တဲ့ထင်းရှူးတောမယ် နွေရာသီတောင်ယာခုတ်ချိန်ဆို ခေါင်ရေချိုအေးကရေငတ်ပြေတယ်။ ပြောင်းကြမ်းလည်းထောင်းတယ် ဆောင်းလေလည်းကြမ်းတယ် ခြေဖနောင့်ပါကွဲတယ်၊ ချင်းမလေးခြေသလုံးလည်းတောင့်တယ်။ ငါတို့ပြောတဲ့စကားတော့ တူမီးသံဝဲတယ်။ ချယ်ရီရာသီရောက်ရင်ငါ့နှမလေးတွေ တောင်ယာသွားတော့ပလိုင်းတဖက် ဓါးတလက်နဲ့ ထင်းပါခုတ်တယ်။ ငါ့ညီအကိုတွေအမဲလိုက်သွားရင် ဓါးမြှောင်ခါးထိုး၊တူမီးဖက်ရင်း တောင်ယာစောင့်တယ်။ ငါတို့မက်တာ တူမီးအိပ်မက်။ ဧည့်သည်ကိုဆိုဆွေမျီုးအရင်းလို လိုင်မီးနဲ့ဧည်ခံတယ် မီးဖိုနဘေးနွားသရေခင်းပြီး အဖွားရက်တဲ့ခြုံစောင်နဲ့နွေးစေတယ်၊ ရန်သူဆိုလည်းရန်သူလိုပဲရွာထိပ်ကနေ တူမီးနဲ့ ကြိုတယ်။ တတောင်ကျော်ရင်စကားတမျိုးကွဲတယ်၊ စကားအမျိုးပေါင်း(၆၀)ကျော်တယ်၊ ဒီနွေဦးတော့ ဘယ်သူမှ တောင်ယာမခုတ်ဘူး။ ဟိုဖက်တောင်ရော ဒီဖက်တောင်ရော (ဘုံ)စကားတမျိုးပဲပြောတယ်၊ အားလုံးလည်းနားလည်တယ်၊ […]