
ကဗျာ
မှတ်ဖွယ်မှတ်ရာ
‘မှတ်ဖွယ်မှတ်ရာ’ မိုဃ်းဇက်သော် (၁း၀) ကျွန်တော့်ထံတွင် အိပ်မက်ဖျော်စက် တစ်ခုရှိပါသည်။ သို့သော် စက်ပျက်နေသည်။ (၂း၉) ပျားလူးမြက်ခါးများ ဆေးဖက်ဝင်ကြသည်။ (၃း၈) ကျွန်တော်သည် အအေးမိနေသည့် လက်မောင်းကြွက်သားတစ်ခုဖြစ်သည်။ (၄း၇) သင်္ချိုင်း၌ ဦးခေါင်းခွံနှစ်ခု စကားများ ရန်ဖြစ်နေတုန်းပင်။ (၅း၆) ဆေးရုံသည် အသက်ရှူကျပ်နေသည်။ (၆း၅) စာသင်ကျောင်းလေးကို အရေးပေါ်ကုသနေရသည်။ (၇း၄) အနာဂတ်နိုင်ငံတော်အတွက် ကြေကွဲဖွယ်မြေဇာပင်များ ခြောက်သွေ့ကြွေလွင့်ခဲ့ကြပြီ။ (၈း၃) ည ညဆို ခွေးဟောင်သံများ ပိုပိုကြားလာရသည်။ […]