Cloud Atlas

by The Call
59 views

“Cloud Atlas”

■ ​သောရီ

ဒီလိုနေ့တွေရောက်ဖို့ ငါ့အတွက်အချိန်တွေဟာ သံသရာဘယ်နှစ်ခုစာလောက် ရှည်လျားပြန့်ကားခဲ့လဲဆိုတာနဲ့ ဘယ်လို ကြံ့ကြံ့ခံ တိတ်ဆိတ်ခဲ့ရသလဲဆိုတာ ငါ အထပ်ထပ် ပြန်ပြောပြချင်တဲ့ ဘဝဖြတ်သန်းမှုတွေပဲဖြစ်တယ်။ ပုံရိပ်ယောင်တွေ လိပ်ပြာတွေကိုမျှားရသလိုပဲ လုပ်နိုင်သမျှက တိတ်ဆိတ်နိုင်သမျှတိတ်ဆိတ်ပြီး မင်းက အဲဒီ့တိတ်ဆိတ်မှုတွေကို ဖြိုခွဲချင်လာတဲ့အထိ တိတ်ဆိတ်ခဲ့ရပြီး အဲဒီ့ တိတ်ဆိတ်မှုအမှောင်တွေဟာ ဘယ်လောက်ထိ ရှည်လျားတယ်ဆိုတာ တိုင်းတာဖို့ ငါ့ဘဝနဲ့တောင် မဆံ့ခဲ့ဘူး။ မင်း ဘယ်လောက်ဝေးဝေး ပြေးနိုင်လဲ။ ရေးပြီး ပြန်ဖျက်လိုက်တဲ့ စာကြောင်းတွေ၊ ရည်ရွယ်ပြီးထည့်ထားတဲ့ စာအိတ်အလွတ်တွေဆီမှာ လိပ်စာအပြည့်အစုံ တပ်ပြီးပြီလား။ မှတ်ဥာဏ်တွေကို overwrite ပြန်လုပ်နေတဲ့မင်းရဲ့အခြေနေ။ အားထုတ်မှုမပါဘဲ မြင်ရကြားရတာတွေအပေါ် ခံစားမဲ့။ သံသရာကိုမယုံဘူးပြောရင် မင်းကရယ်မယ်။ မင်းဆီရောက်ဖို့ သံသရာဘယ်နှစ်ခု ဖြတ်ခဲ့ရလဲ မင်းသိချင်ရင် ကိုယ်ပြောပြပါမယ်။

Author

  • The Call

    "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။
    နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။
    စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment