Blade Runner 2049 (2017)

by The Call
71 views

“Blade Runner 2049 (2017)”

▪️သောရီ

တစုံတယောက်အပေါ် ဖြည့်ဆည်းတယ် လိုက်လျောတယ် ချစ်ပေးတယ် ဆိုတာလည်း ကိုယ့်အတ္တကို အခြားလူအပေါ် တည်ဆောက်တာတမျိုးပဲမဟုတ်လား။ သာမာန်ခေါက်ဆွဲတပွဲပေါ်မှာ ဟော်လိုဂရမ်ပုံရိပ်တွေထပ်ပြီး စတိခ် တပွဲလို ခံစား စားသုံးဖို့နဲ့ ညစာစားချိန်တွေမှာ တစုံတယောက်ရဲ့စကားသံကိုကြားဖို့ လိုအပ်တဲ့ အထီးတည်းရှင်သန်မှုတွေ။ ဒီနေ့ အလုပ်မှာ အဆင်ပြေခဲ့ရဲ့လား။ ပထမဆုံး မိုးရေစက်တွေရဲ့ အထိအတွေ့ကို ပေးလိုက်နိုင်တုန်းက၊ ပထမဦးဆုံးအကြိမ် ဘေးမှာ ကားအတူလိုက်စီးဖို့ ကမ်းလှမ်းခဲ့တုန်းက နောက်ပြီး မင်းဟာ ကိုယ့်ကို အရေးပါတဲ့သူဖြစ်ကြောင်း ခံစားရအောင် လုပ်ပေးခွင့်ရတဲ့သူအဖြစ် အဆင့်ဆင့် ပြောင်းလဲ တည်ဆောက်ခဲ့ရတယ်။ ပုံရိပ် ယောင်လေးကို မိမိကိုယ်တိုင်က အစစ်အမှန်ပါလို့ ခံစားရတဲ့အထိ။ နောက်တော့လည်း အစီအစဉ်တကျ ဆွဲထားခဲ့တဲ့ ပရိုဂရမ်တွေရဲ့ အားနည်းချက်က ထိခိုက်လွယ်တော့ အဆုံးသတ်က အားလုံးမျှော်လင့်ထားသလိုပါပဲ။ ကျမကိုမချစ်တော့ဘူးလား။ မျက်လုံးတွေဟာ အပြာရောင်မဟုတ်တော့ပေမဲ့ အစစ်အမှန်အတိုင်း ဆင့်ကဲပြောင်းလဲလာနိုင် တာပဲ။ အရာရာကို အစက ပြန်တည်ဆောက်ဖို့ မဖြစ်နိုင်တာမဟုတ်ပါဘူး။ ပြန်တည်ဆောက်ဖို့ မလိုတာလဲ ဖြစ်နိုင် ပါတယ်။ လှိုင်းတွန့်တွေ ပိုနက်တဲ့အပိုင်းမှာ မှတ်ဥာဏ်တွေကို သိမ်းဆည်းပြီးပြီမဟုတ်လား။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment