Farewell My Concubine (1993)

by The Call
103 views

“Farewell My Concubine” (1993)

▪️သောရီ

ငယ်ဘဝမှာ အိပ်မက်တွေအများကြီး ရှိခဲ့ဖူးမှာပဲ။ နွေးထွေးတဲ့ အိပ်ရာလေးတခုခု။ တစုံတယောက်ရဲ့ မြတ်နိုးဖွယ် ရာ။ အရောင်တောက်ပပြီး အနံ့မွှေးတဲ့ပန်းကလေး စသဖြင့်ပေါ့။ နေ့တနေ့ရဲ့အဆုံးသတ်မှာ လုပ်လက်စအလုပ် တွေပိတ်သိမ်းပြီး စိုစွတ်နေတဲ့လမ်းပေါ်လျှောက်ပြီး အဝါရောင်နွေးနွေးတွေထွန်းထားတဲ့ ဘားဆိုင်တဆိုင်ရဲ့ ထောင့်စွန်းကဝိုင်းမှာ ထိုင်နိုင်ဖို့ကပဲ နေ့တနေ့ကိုဖြတ်သန်းရမဲ့ ရည်ရွယ်ချက်ဖြစ်လာတယ်။ မလိုတာတွေဘဲ အလိုလိုရတတ်တာ ဘဝပဲဆိုတော့ နတ်သမီးပုံပြင်တွေအစား တကွက်စာတဖြတ်စာမှာပါတဲ့ ရုပ်ရှင်ပြကွက်တွေကိုပဲ ထပ်ကာထပ်ကာ ပြန်သတိရပြီး စွဲလန်းရတယ်။ ခန္ဓာကိုယ်ကသွေးတွေလည်း ဆိုင်ရှေ့နေရာအနှံ့မှာ စွန်းခဲ့ရတယ်။ ပြာပူတွေလွင့်ပြီး မီးတွေတောက်လောင်နေတဲ့ဆိုင်ရှေ့မှာ တကိုယ်လုံး သွေးတွေခြင်းခြင်းရဲပြီး ထိုင်နေတဲ့ ခွေးလေး Chou Chou။ ဘဝတလျှောက်လုံး ကလဲ့စားချေနိုင်ဖို့ ပင်ပန်းဆင်းရဲလေ့ကျင့်ခဲ့ရပြီး ရန်သူဆီမှာပဲ အစားခံလိုက်ရတဲ့ ဇာတ်ဝင်ခန်းတွေ။ အစွဲလန်းရဆုံးကတော့ လူငယ်လေး လိုင့်ကျစ် ပေါ့။ ပျော်တတ်တယ် တက်ကြွတယ် စွန့်စားရတာကြိုက်တယ် အခက်အခဲကြားကနေ ဘယ်လိုလွတ်အောင်လုပ်ရမလဲ ကောင်းကောင်းသိတယ်။ သူ့လွတ်လပ်မှုအတွက် ဘာကိုပဲ ပြန်ပေးဆပ်ရ ပေးဆပ်ရ မကြောက်တဲ့လူငယ်လေးပေါ့။ Logic အရဆို ဒီလိုလူငယ်လေးအတွက် နွေးထွေးတဲ့အိမ်တခုခု ဒါမှမဟုတ် ချစ်မြတ်နိုးဖွယ်ရာ ချစ်သူတယောက်ယောက်နဲ့ ဆုံသင့်တယ်မဟုတ်လား။ လိုင့်ကျစ်က ကြိုးဆွဲချပြီး သတ်သေသွားခဲ့တယ်။ ကဲ ဘယ်လောက် ကျေနပ်စရာကောင်းပြီး လှပတဲ့ အဆုံးသတ်လဲ။ ကျနော်ကတော့ မိုးရေတွေစိုနေတဲ့ လမ်းကိုလျှောက်ရင်း ဘားဆိုင်လေးဆီသွားတဲ့ ညနေတွေမှာ လိုင့်ကျစ် Chou Chou တို့အကြောင်း အမြဲ ခေါင်းထဲရောက်လာတော့တာပဲ …။

Author

  • The Call

    "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။
    နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။
    စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment