Scott Pilgrim vs. the World (2010)

by The Call
62 views

“Scott Pilgrim vs. the World (2010)”

◼️သောရီ

ကိုယ့်ကိုယ်ကို ဇာတ်လိုက်လို့ထင်နေတဲ့ တတိယဇာတ်ကောင်အတွက် PAC Man ဂိမ်းက ပျော်စရာမဟုတ်ခဲ့ဘူး။ ဝင်္ကပါထဲမှာ လမ်းပျောက်နေတုန်း ဓါးလှံလက်နက်တွေကျလာမယ် ရန်သူတွေကျလာမယ် စဉ်းစားဖို့အချိန်မရှိလိုက်ခင်မှာဘဲ ရန်သူတွေကို အားကုန်ပိုင်းရတယ်။ PAC ဆိုတာ Program and Control ပဲ မသိလိုက်မိခင်မှာသာ ပျော်စရာကောင်းတာ။ သိလိုက်ရတဲ့အချိန်မှာ ငါကစောက်ထာကျတဲ့ကောင်ပဲလို့ အားတင်းမယ် ပြီးတော့ မင်းရည်းစားလို ဆံပင်အပြာတွေကို ငါ့ခေါင်းပေါ်တင်ထားမယ်။ မင်းရဲ့ဝါသနာတွေကို ငါ့ရဲ့ဝါသနာလုပ်ရတာက ငါ့ဝါသနာဖြစ်လာတဲ့အချိန် မင်းရည်းစားဝါသနာက မင်းဝါသနာတွေဖြစ်လာတော့ ငါ့အရှိန် ကီလို ၁၂၀ ကို ငါမထိန်းနိုင်တော့ဘူး။ အတိတ်ကိုပြင်လို့မရဘူး လက်ရှိကိုလက်ခံပြီး စိတ်ကိုပြင်ဆင်ရမှာလို့ ငါ့ကိုယ်ငါပြောတယ်။ ဖြစ်တန်စွမ်း နှစ်ခုမှာ ဘယ်တခုကိုရွေးရင် ဘယ်လမ်းကြောင်းကိုရောက်မလဲ ငါ့အတွေးနဲ့ ဖြစ်တန်စွမ်းရွေးချယ်မှုတွေကို မရပ်နိုင်ခဲ့ဘူး။ တဆင့်ပြီးတဆင့်မြင့်လာတဲ့ ရန်သူတော်တွေကို ခက်ခက်ခဲခဲ အနိုင်ယူရတာခြင်းအတူတူ မင်းကတော့ မင်းသမီးလေးလက်ကိုဆွဲပြီး အဲဒီတံခါးကနေ ထွက်သွားနိုင်ခဲ့တယ်။ ငါကတော့ သူ့ဆီလိုက်သွားလိုက်ပါ ငါကရပါတယ်လို့ ဆံပင်အပြာကို သပ်တင်ရင်းပြောမယ် ပြီးတော့ တံခါးကနေထွက်သွားတဲ့ ကျောပြင်တွေကို ရပ်ငေးရင်းကျန်ခဲ့မယ်။ PAC-Man ဟာ မင်းအတွက်တော့ Puck Man ဖြစ်ခဲ့တာလို့ မင်းရည်းစားနဲ့အတူတူ ရယ်သွမ်းသွေးပြောစရာဖြစ်ခဲ့မယ်။ ငါ့အတွက်တော့ program and control ပါလို့ တယောက်ထဲရေရွတ်စရာ ဖြစ်နေခဲ့တော့တယ်။

Author

  • The Call

    "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။
    နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။
    စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment