“Atonement”, 2007
သောရီ
ပြန်ဆုံတဲ့အချိန်တွေဟာ တကယ်ကိုပျော်စရာကောင်းခဲ့တာ။ တံခါးခေါက်သံကြားရမယ်၊ ဖွင့်လိုက်တဲ့အခါ မင်းသိပ် တွေ့ချင်နေတဲ့ အကြာကြီးခွဲခွာခဲ့ရတဲ့ မင်းသိပ်ချစ်တဲ့သူကိုတွေ့မယ်။ အကြိမ်ကြိမ်စိတ်ကူးထားခဲ့သလို နေ့ရက် တွေဖြစ်လာမယ်။ ဒါပေမဲ့ မင်းပြန်နိုးလာရမယ်။ စိတ်ညစ်ညူးဖွယ်ရာအခင်းအကျင်းနဲ့ ပတ်ဝန်းကျင်မှာ မင်းအရင် အခြေအနေတိုင်းပဲ ပြန်နိုးလာရမယ်။ မင်း သူနဲ့ ခွဲခွာရပြီးကတည်းက ဘယ်တော့မှ …။
ပင်လယ်ကမ်းခြေဟာ ပျော်စရာပဲ။ အနားမှာ သိပ်ချစ်ရတဲ့သူနဲ့ဆို ဘဝဟာ ဘာမှ ထပ်မလိုချင်အောင် သိပ်ပျော်စရာကောင်းတယ်မဟုတ်လား။ ကမ်းစပ်က ရေလှိုင်းတွေကြားမှာ အတူတူကခဲ့ကြတယ်။ ဘယ်တော့မှ … ဆိုတာဘယ်လောက်ထိ ဝေးကွာလဲသိလား။ ခုနက စိတ်ပျက်ဖွယ်အခင်းအကျင်းနဲ့ ပတ်ဝန်းကျင်ဆီမှာပဲ ပိတ်ကျသွားတဲ့မျက်လုံးတွေဟာ ဘယ်တော့မှ ပြန်ပွင့်မလာနိုင်တော့ဘူး။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
