Bridge to Terabithia (2007)

by The Call
89 views

“Bridge to Terabithia (2007)”
– Gábor Csupó

▪️သောရီ

ပုံပြင်တပုဒ်လောက် နားထောင်ချင်လား။ ထူးဆန်းအံ့ဩဖွယ်နေရာတခုကို ကျနော်တို့ အတူတူ ရှာဖွေတွေ့ရှိခဲ့ကြတယ်။ ကျနော်တို့ကလွဲပြီး ဘယ်သူမှမသိတဲ့ အဲဒီနေရာမှာ ပျော်စရာအမှတ်တရတွေ အများကြီးရှိခဲ့တယ်။ နောက် တော့ အဲဒီကိုသွားတဲ့လမ်းမှာပဲ ကျနော့်သူငယ်ချင်းဟာ ရေနစ်သေဆုံးသွားခဲ့တာပဲ။ အဲဒီနေရာဟာလည်း ဘယ်တုန်းကမှ မရှိတဲ့နေရာလို့ လူတွေကပြောကြတယ် …။

Bridge to Terabithia ကြည့်ပြီးနောက်ပိုင်းမှာ နတ်သမီးပုံပြင်တွေထဲကနေ အပြီးတိုင် နိုးလာခဲ့ရတော့တာပဲ။
နောက်တော့ ဘဝထဲမှာ ပျက်ကျမှုပေါင်းများစွာဟာ ပုံစံအမျိုးမျိုးနဲ့ ရောက်ရှိလာတဲ့အခါ အံ့ဩဖွယ်ရာနေရာတခုနဲ့ မမျှော်လင့်ဘဲ အပြီးတိုင်ပျောက်ဆုံးသွားတဲ့ သူငယ်ချင်းလေးအကြောင်းပုံပြင်လေးက အလိုလို ခေါင်းထဲဝင်လာတော့တာပဲ။

ကျနော့်မှာ လစ်ဟာမှုအကြီးကြီးတွေက စီးနင်းဝင်ရောက်ခဲ့ပြီးပြီ။ တချို့ညတွေမှာ စောင်တင်းတင်းခြုံထားရင်း ချမ်းနေတာမျိုး၊ ထီးဆောင်းထားလျက်နဲ့ မိုးတွေလာပက်နေတဲ့အခါမျိုးတွေမှာ ကိုယ့်ကိုယ်ကို ငုံ့မိုးကြည့်လိုက်ရင် အမဲရောင်ကွင်းတွေ ဂယက်ထနေတဲ့ လစ်ဟာမှုတွေ ပြန်မြင်နေရတယ်။

“မင်းရဲ့လစ်ဟာမှုတွေကို ဘာနဲ့မှ ဖြည့်ဖို့မကြိုးစားနဲ့ အဲဒီအရာနဲ့ပဲ အသားတကျနေထိုင်သွားဖို့ ကြိုးစားနေထိုင် သွားရမှာ” လို့ သူငယ်ချင်းတယောက်က ပြောဖူးတယ်ဆိုတဲ့အကြောင်း ကျနော့်သူငယ်ချင်းတယောက်က ကျနော့်ကိုပြန်ပြောပြဖူးတယ် …။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment