နတ်သမီးပုံပြင်ထဲမှာ ညနေဟာ လွင့်လွင့်လေး

နတ်သမီးပုံပြင်ထဲမှာ ညနေဟာ လွင့်လွင့်လေး

‘နတ်သမီးပုံပြင်ထဲမှာ ညနေဟာ လွင့်လွင့်လေး’ မင်းချစ်ပိုင် ​အပိုင်း (၃) “ဟင့်အင်း၊ ဘာဖြစ်လို့” ဆိုပြီး မယ်မယ်က အံသြတဲ့အသံနဲ့ ပြန်တုံ့ပြန်လိုက်တယ်။ ကျမက ဓာတ်ပုံကို ငေးစိုက်မိနေတာကြောင့် မယ်မယ်လှည့်ပြီး ဖြေလိုက်သလား၊ ပြတင်းပေါက်အပြင်ကိုပဲ မျက်နှာမူထားတုန်း ဖြေလိုက်သလားဆိုတာကို ကျမ မသိလိုက်ဘူး။ မယ်မယ် ဘုရားဝတ်မပြုခင်ကတည်းက မယ်မယ်နဲ့ အတူရှိနေတာကြောင့် ကျမရှိနေတာကို အံသြနေတာမျိုးမဟုတ်ဘူး။ အချိန်အခါရော၊ အခြေအနေရော၊ အကြောင်းအရာရော ဆက်စပ်မှုမရှိဘဲ ရုတ်တရက်မေးလိုက်တဲ့မေးခွန်းကြောင့် အံသြသွားတဲ့ပုံမျိုး။ မယ်မယ်ကဖြေပြီးနောက် […]

နတ်သမီးပုံပြင်ထဲမှာ ညနေဟာ လွင့်လွင့်လေး

နတ်သမီးပုံပြင်ထဲမှာ ညနေဟာ လွင့်လွင့်လေး ​အပိုင်း (၂)

‘နတ်သမီးပုံပြင်ထဲမှာ ညနေဟာ လွင့်လွင့်လေး’ မင်းချစ်ပိုင် ​အပိုင်း (၂) ကျမ လိုက်နာကျင့်ကြံပြီး နေထိုင်ဖို့ကြိုးစားခဲ့တဲ့ တရားတွေဟာ ကျမရဲ့ငြိမ်းချမ်းမှုကို ရှာဖွေတွေ့ရှိနိုင်ပြီး ကျမအပေါ် တရားမျှတမှုရှိလိမ့်မယ်လို့ ကျမ ယုံကြည်ခဲ့ဖူးတယ်။ ငြိမ်းချမ်းမှုအစား ကျမ ဘာကို ရှာဖွေတွေ့ရှိခဲ့တာပါလဲ။ ကျမရဲ့ခံစားချက်တွေနဲ့ လွတ်လပ်မှုတွေကို ထိန်းချုပ်ထားတဲ့ အလွန်အမင်းသည်းခံရခြင်းနှင့် မမျှတတဲ့ အခွင့်အရေးတွေအပေါ် ကျေနပ်နေဖို့ တွန်းအားပေးတဲ့ ရောင့်ရဲခြင်းတွေပဲဖြစ်တယ်။ အဲဒီအချိန်မှာ ကျမ တရားတွေကို ခတ္တမျှခေါက်သိမ်းပြီး ကိုယ့်ကိုယ်ကိုယ် ရှာဖွေတဲ့အခါ […]

နတ်သမီးပုံပြင်ထဲမှာ ညနေဟာ လွင့်လွင့်လေး

နတ်သမီးပုံပြင်ထဲမှာ ညနေဟာ လွင့်လွင့်လေး

‘နတ်သမီးပုံပြင်ထဲမှာ ညနေဟာ လွင့်လွင့်လေး’ မင်းချစ်ပိုင် ​အပိုင်း (၁) (၁) “တစ် ၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်” နေဝင်သွားပြီဖြစ်လောက်ပေမဲ့ ပတ်ဝန်းကျင်တစ်ခုလုံး လင်းနေဆဲဖြစ်ပြီး နေ့တစ်နေ့ရဲ့ နောက်ဆုံးအလင်းရောင်ဟာ အိမ်ထဲမှာ ခပ်မှိန်မှိန်လေး အကြွင်းကျန်နေသေးတယ်။ အိမ်ခေါင်မိုးအောက် အလင်းနဲ့လေဝင်ဖို့အတွက် ဖောက်ထားတဲ့ ပြတင်းပေါက်သေးသေးလေးကတဆင့် ဝင်နေတဲ့အလင်းရောင်ကြောင့် ရေနံချေးဝနေတဲ့ ထုပ်တန်းတချို့ကို မြင်နေရတယ်။ အိမ်ခေါင်မိုးအောက်က ထုပ်တန်းတွေကို ရုတ်တရက် ဗလာကျင်းသွားတဲ့အတွေးတို့နဲ့ […]