
Real Life Stories
ဖြစ်ပုံကိုယ်တွေ့တခု (၃)
‘ဖြစ်ပုံကိုယ်တွေ့တခု (၃)’ ထွင် သည် ဖြစ်ပုံကလေးကတော့ ကျွန်ုပ်က အကြားအာရုံမသန်စွမ်းလို့ ဖြစ်ရသည့် ဖြစ်ပုံကလေးပါ။ (2022) တုန်းကပေါ့။ ကျွန်ုပ်က ကျွန်ုပ်တို့နယ်မဟုတ်သော နယ်စိမ်းဒေသတခုတွင် တော်လှန်စားဖိုမှူးအဖြစ် တာဝန် ထမ်းဆောင်နေခဲ့ပါသည်။ နယ်စိမ်းဆိုတော့ သည်ဒေသက လူတိုင်းကို အရင်က မမြင်ဖူးပါ။ သည်တော့ မြင်သမျှ လူတိုင်းကိုလည်း သည်နယ်၊ သည်ရွာက လူတွေဟုပဲ ထင်မှတ်နေခဲ့သည်။ ကျွန်ုပ်က တော်လှန်စားဖိုမှူးဆိုတော့လည်း ကျွန်ုပ်တို့ကန့်(Camp)ကို ရောက်လာသည့် ဧည့်သည်မှန်သမျှကို ဧည့်ဝတ်ကျေပွန်ရပါသည်။ […]