ခင်ဦးဇင်အခန်းဆက်ဝတ္ထုရှည်

ခင်ဦးဇင် အပိုင်း ( ၁၀ )

“ခင်ဦးဇင်” ​ရေအေး အပိုင်း ( ၁၀ ) – – – – – – – – – – – နင် ဘယ်သူနဲ့စကားပြောနေတာလဲ။ ခင်ဦးဇင်ရဲ့ နားထဲကို ဆရာ၀န်ခေါင်းဆောင်အမျိုးသမီးရဲ့အသံ ဝင်လာတယ်။ ပြီးတော့ လူနှစ်ယောက်ကို ဆရာဝန်တွေဝိုင်းပြီးမေးမြန်းနေတဲ့ အခန်းထဲကမြင်ကွင်းက ပျောက်သွားပြီး ခုတင်ခြောက်လုံးရှိတဲ့လူနာခန်း မြင်ကွင်းက ပြန်ပေါ်လာတယ်။ နင် ဘယ်သူ့ကိုစကားပြောနေတာလဲ တဲ့။ ဆရာ၀န်ခေါင်းဆောင်အမျိုးသမီးက […]

Flim Reviews

မိစ္ဆာမရှိတဲ့ တိုင်းပြည်

“မိစ္ဆာမရှိတဲ့ တိုင်းပြည်” ညီလင်းအိမ် အီရန်ဒါရိုက်တာ Mohammad Rasoulof ရဲ့ ရုပ်ရှင်တွေတိုင်းဟာ အီရန် အာဏာရှင်အစိုးရရဲ့ ဖိနှိပ်မှုတွေ၊ ယင်းဖိနှိပ် မှုတွေတဆင့်ကနေမှ ထပ်မံရိုက်ခတ်ခံရတဲ့ နောက်ပါ လူ့အဖွဲ့အစည်းများထဲက အဖြစ်သနစ်တွေကို ဖော်ပြတာမျိုးဖြစ်တယ်။ သူ့ရုပ်ရှင်တွေထဲက ဇာတ်ကောင်တွေဟာ အများအားဖြင့် အီရန်အာဏာပိုင်တွေရဲ့ လက်ကိုင်တုတ် ဇာတ်ရုပ်များအဖြစ် တွေ့ရပြီး သူတို့တွေကတ‌ဆင့် အီရန်၏ ပျက်စီးယိုယွင်းနေသော တရားဥပဒေစနစ်တွေနဲ့ ယင်းအခြေအနေများနဲ့ ပတ်သက်မှုကို မေးခွန်းထုတ်စေတဲ့ ဇာတ်လမ်းကြောင်းတွေ ဖြစ်ပါတယ်။ ယခု […]

အက်ဆေး

ယေ့ (သို့) အဝေးက ကြယ်

“ယေ့ (သို့) အဝေးက ကြယ်” ထက်နိုင် မုတ်သုံမိုးတို့ ထွက်ခွာသွားသည့်အတွက် ကြယ်တွေ ချိတ်ဆွဲထားသည့် ကောင်းကင်က လှပနေသည်။ မြို့ပြမှာ ပျောက်ကွယ်သွားသည့် ပိုးစုန်းကြူးတွေက တခါတရံ ကြယ်တွေနှင့် မသဲကွဲ။ တခါတရံ ရန်သူ့ မီးအလင်းရောင်လား ဂရုစိုက်မိ။ အေးစပြုလာသည့် မြောက်ပြန်လေ အဝေ့မှာ တံဆိပ်နားထိ ရောက်နေသည့် ဆေးလိပ်တိုကို မီးရဲသွားသည် အထိ ဖွာရှိုက်လိုက်ပြီး ဘေးနား ခြုံထဲကို လွှင့်ပစ်လိုက်သည်။ စစ်အတွင်း လူငယ်ဘဝတွေဟာ […]

စကားပြေကဗျာ

မေ့လိုက်ပါမြနန္ဒာ

‘မေ့လိုက်ပါမြနန္ဒာ’ မိုးမြင့်ကျော် အေးစက်စက်ရာသီဥတုထဲ တယောက်တည်းလျှောက်သွားမိတိုင်း အမလက်ဖဝါးနွေးနွေးကိုသတိရတယ်။ အမကြိုက်တဲ့ မြက်ရိုင်းပန်းဖြူတွေ၊ အမ မကြိုက်တဲ့စစ်ပွဲတွေ။ စစ်ပွဲကာလထဲ လေယာဥ်တွေဝဲလာတိုင်း ဗုံးခိုကျင်းလေးထဲ အမကြောက် နေမလား။ ကျနော့လက်တွေကို ဖျာတချပ်စာဖြန့်လို့ အမအပေါ် ကာမိုးပေးထားတယ်။ ရန်သူ့လေယာဥ်ပျက်ကြီးတွေ၊ ကျဆုံး စခန်းကုန်းတွေ၊ ပြာဖြစ်မီးလောင်သွားတဲ့ရွာပျက်ကြီးတွေ ကျနော့်မှာလည်ပါတ်စရာတွေပေါတယ်။ ဒါပေမယ့် အမရယ် အမ ,မပါဘဲ သွားလာနေရတာကို ကျနော်မပျော်ဘူး။ ကျနော်ကျဆုံးခဲ့ရတဲ့ တောင်ကမူလေး ရွှေကျင်ခိုင်းဖို့ ဘတ်ဖိုးတွေ ဝိုင်းလိုက်ပြီ။ ရန်သူ့တပ်တွေစခန်းချသွားတဲ့ […]

သတင်းသုံးသပ်ချက်ဆောင်းပါး

၂၀၂၅ ဘယ်လိုပုံပေါ်လာမလဲ

“၂၀၂၅ ဘယ်လိုပုံပေါ်လာမလဲ” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ကျော်ဇောခိုင် ဒီဇင်ဘာ ၁၄ ကစလို့ တောင်ကုတ် စကခ (၅)၊ မောင်းတော နခခ (၅)၊ အမ်း (နပခ) နဲ့ ဂွတို့ကို ၂ ပတ်အတွင်း သိမ်းယူခဲ့ပြီးတဲ့နောက်မှာ အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်တပ်ကို နိုင်ငံရေးအရဆွေးနွေးဖို့ အဆင်သင့်ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့တယ်။ ‘အေအေကြေညာချက်’ အေအေထုတ်ပြန်ချက်ဟာ စကစကို ရည်ရွယ်တယ်ဆိုပေမယ့် တကယ်တော့ တရုတ်နဲ့ […]

Short Stories

ဇာမဏီငှက်တို့ လွမ်းတေးသီ

‘ဇာမဏီငှက်တို့ လွမ်းတေးသီ’ မောင်သုည (ရှပ်ပုံသားလေး) ”ဒီတော်လှန်ရေးဟာ သေရင်တောင် သမိုင်းလှမှ နိုင်မယ်။ မသေဘဲ သမိုင်းရိုင်းရင်တော့ ရှုံးမယ် ” ဝါးခွက်နဲ့ အကြမ်းရည်သောက်နေတဲ့ ရဲဘော်တွေရဲ့ စကားဝိုင်းကို ကျနော် လက်ဖက်သုပ်လေးချပေးလိုက်တယ်။ ” ဟေ့…တယ်ဟုတ်ပါလာ လက်ဖက်သုပ်တွေနဲ့။ ဒီလိုသာ နေထိုင်စားသောက်ရမယ်ဆို ဘယ်လောက်ကြာကြာ တော်လှန်ရေးထဲ အေးဆေးနှပ်နေလိုက်မယ် ယောက်ဖရေ… ” ရဲဘော် ငပြူးက စနောက်ပြီး ကျနော်ကို ပြောတယ်။ ” ဟေ့ကောင် […]

အယ်ဒီတာစကား

The Call ၏ နှစ်သစ်ဆုတောင်း

“The Call ၏ နှစ်သစ်ဆုတောင်း” ချစ်သောသူများ အသက်ရှည်ပါစေ … မုန်းသောသူများ အသက်တိုပါစေ … ၂၀၂၅ နှစ်သစ် ချစ်ခင် ငြိမ်းချမ်းခြင်းတို့ဖြင့် ထုံမွမ်းစေ … ပြည်သူတွေဘဝ သာယာလှပ စစ်မိစ္ဆာရန်က ကင်းပ ရေလိုအေး၍ ပန်းလိုမွှေးမြ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝပါစေ The Call က တောင်းဆုခြွေ … The Call ဝိုင်းတော်သားများ

Uncategorized

ကောင်းမင်းသန့် (ခ) Fl3xx

‘ကောင်းမင်းသန့် (ခ) Fl3xx’ မောင်တိမ်ဘားမား နောက်ဆုံးကျန်ခဲ့တဲ့ ချိန်ကိုက်ဗုံးတွေထဲက တလုံးဟာ မင်းပဲ Fl3xx မင်းရဲ့အလံဟာ ငါတို့ဆံပင်တွေထဲမှာ မင်းမတီးတဲ့ Beat က ငါတို့နှလုံးခုန်သံ မင်းရွတ်တဲ့ Rap က ငါတို့ရဲ့အသက်ငွေ့ငွေ့ ၂၀၀၄ မှာ ဆင်တဲ့ ချိန်ကိုက်ဗုံးဟာ ၂၀၂၄ မှာ အောင်တယ်။ လူတယောက်အိမ်ပြန်ဖို့ နှစ် ၂၀ ကြာတာ မဆန်းပါဘူး။ ညီလေးရေ မင်းဟာ ချန်ပီယံတယောက် ရပ်ပါတယောက် […]