Real Life Stories

ခိုးထွက်သူ

“ခိုးထွက်သူ” ထွင် သိဒ္ဒတ္ထမင်းသားသည် တောတွင်းတွင် တရားကျင့်ရန်အတွက် မိဘ၊ ဇနီးနှင့် သားမသိအောင် အိမ်မှ ခိုးထွက်ခဲ့လေသည်။ အဘယ်ကြောင့် ခိုးထွက်ရသလဲဆိုလျှင် ခွင့်တောင်းပါက ခွင့်ပြုမည် မဟုတ်သောကြာင့်ပင်။ *** ၁၊ ၂၊ ၂၀၂၁ နေ့တွင် မင်းအောင်လှိုင်က အာဏာသိမ်းလိုက်သောအခါ ဝန်ထမ်းဖြစ်သော ကျွန်ုပ်သည် မင်းအောင်လှိုင်အား တော်လှန်ပုန်ကန်သောအားဖြင့် စီဒီအမ်ဝင်လိုက်သည်။ မင်းအောင်လှိုင်၏ လက်ပါးစေ စစ်သား၊ ရဲသားများနှင့် ပျူစောထီးများစွာက စီဒီအမ်ဝန်ထမ်းများအား လိုက်လံ ဖမ်းဆီး […]

Real Life Stories

ရန်ကုန်က ကြာသပတေးသားတွေ

“ရန်ကုန်က ကြာသပတေးသားတွေ” ထောင်စန်း စစ်သားနဲ့ ဗေဒင်၊ နက္ခတ်၊ ဘာသာတရားဆိုတာ ခွဲပြောလို့မရဘူး။ လက်ဦးက ပေါင်မှာနေသလို ဆိုတာမျိုး။ စစ်ကောင်စီဘက်က စစ်သားတွေလည်း ဗေဒင်၊ နက္ခတ်၊ ဘာသာရေးဆိုတာကို တော်တော်ယုံသလို ကျနော်တို့ဘက်က ဝါရင့် တော်လှန်ရေးသမားကြီးတွေလည်း ယုံတာပဲ။ ဘယ်သူ ပိုယုံလဲဆိုတော့ မပြောတတ်ဘူး။ နှစ်က်စစ်သားတွေ အဆောင်တွေ ထုတ်ပြိုင်ခိုင်းရင်တော့ သိလောက်တယ်။ ဒါပေမယ့် ဟာသတော့ သွားလုပ်လို့မရဘူး။ အသက်နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆိုတာ အပိုမှမပါဘဲ။ နိုင်ငံခြားကာတွန်းတခုထဲကလို၊ […]

Real Life Stories

ရယ် (မော) စရာ-၃

“ရယ် (မော) စရာ-၃” “ကတုတ်ကျင်းနှင့် မီးလောင်ပြင်” ရေး “လေယာဉ်က ခြောက်ပတ်လောက် ပတ်ပျံပြီးမှကြဲတော့ ပျော်သွားတာပေါ့သားရယ်။ ပုန်းစရာရှာချိန် ရလိုက်တာကိုး” လွန်ခဲ့သည့်အပတ်က ကျေးရွာတရွာလုံးနီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ရွာလေးတရွာဆီသို့ ကျနော်တို့အဖွဲ့ ရောက်ရှိခဲ့ကြသည်။ မီးလောင်ပြင်အတိ ဖြစ်သွားပြီဖြစ်သော ထိုရွာလေးမှအပြန်တွင် မနီးမဝေး တောအုပ်ထဲ၌ ဖြစ်သလို ယာယီတဲထိုး၍ နေ‌နေကြရသည့် ရွာခံလူထုရှိရာဆီသို့ မိမိတို့တပ်ဖွဲ့မှ ကူညီနိုင်မည်များကို မေးမြန်းရန် ဝင်သွားခဲ့သည်။ ထိုနေ့ကအဖြစ်အပျက်ကို တယောက်တပေါက် ပြန်ပြောပြနေကြ၍ ထိုင်နားထောင်နေကြရာမှ […]

Categories

ယဉ်ကျေးမှုများ တိုးတိုက်မိခြင်းနဲ့ စံနှုန်း

အော်စွန်းမိုင် ဆင်မြူရယ် ဟန်တင်တန်ဟာ ဟားဗာ့ဒ် ပါမောက္ခအဖြစ် ထင်ရှားခဲ့တဲ့သူပါ။ နောက်တော့ ဟားဗာ့ဒ်တက္ကသိုလ်ရဲ့ နိုင်ငံတကာဆက်ဆံရေးစင်တာမှာ ဒါရိုက်တာဖြစ်လာပါတယ်။ စာအုပ်တွေ ရေးသားထုတ်ဝေခဲ့တယ်။ ယဉ်ကျေးမှုများ ထိပ်တိုက်တိုးခြင်းနဲ့ ကမ္ဘာ့အစဉ်အလာသစ် ဖန်တီးခြင်း (၁၉၉၆) က ထင်ရှား တိုးထွက်လာတဲ့ စာအုပ်ဖြစ်ပါတယ်။ သူ့ရဲ့အမြင်တွေ၊ အယူအဆတွေ၊ ကောက်ယူပုံတွေဟာ စဉ်းစားစရာများလည်း ဖြစ်ခဲ့ပါတယ်။ အငြင်းပွားစရာများလည်းဖြစ်ခဲ့တယ်။ ကမ္ဘာ့ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သူပြောခဲ့တာက ဟောဒီလိုပါ။ “ကျနော့်ရဲ့အမြင်မှာ ဒီနေ့ခေတ်ကမ္ဘာမှာ ပေါ်ပေါက်လာမယ့် ရန်ဘက်ပဋိပက္ခတွေရဲ့ […]

Real Life Stories

ရယ် (မော) စရာ-၂ “ဈာပန အလေးပြု

ရေး “ဟာ ဟေ့ရောင် နှပ်တွေပါ ထွက်ကုန်ပြီလား၊ ဟာကွာ မင်းတို့ကလည်း သင်တန်းပြီးလို့ ခွဲရတာပဲဟာ၊ ဘာလို့ အဲ့လောက် ငိုနေကြတာတုန်း၊ ငါတို့ ပြန်မဆုံတော့မဲ့လူတွေ ကျနေတာပဲ။” အခြေခံစစ်သင်တန်းပြီးဆုံးပြီး ကျရာတာဝန် ထမ်းကြရတော့မည်ဖြစ်၍ ခွဲခွာရတော့မည့် ရာနှင့်ချီသော သင်တန်းသားတို့၏ အသံများကြားတွင် ဟိန်းထွက် လာသော အသံတသံ။ “အေး ဟုတ်တယ် မိုက်တီးပြောတာ အမှန်ပဲ၊ ငါ့တပည့်တို့ရေ ဆရာတို့ ပြန်ဆုံကြမယ်ကွာ၊ သူသေ သူသေပဲနော် ဆရာထပ်ပြောမယ်၊ […]

Real Life Stories

ပြည်သူ့ရဲဘော်များ ဖားရှာထွက်သည့် ည

ရွယ်မိုး မိုးဦးအကျစောသည်ဟု ဆိုရမည်။ နယုန်မိုးသေး မြက်သားမွေး ဆိုသည့်အတိုင်း သွေ့ခြောက်နေသည့် ပက်ကြားအက်များက ပျောက်ကွယ်ကုန်သည်။ မြက်ကလေးတွေက အစီအရီ ဟိုမှသည် တကွက်ပြီးတကွက် ပေါ်လာကာ ဆက်စပ်မိသွားကြပြီး တပြန့်တပြူး မျက်စိတဆုံး စိမ်းစိုလာသည်။ တနေ့ခင်းလုံးလိုလို မိုးက အမျှင်မပြတ်ဘဲ သည်း၍တဖုံ ဖွဲ၍တမျိုး ရွာသည်။ ချို့တဲ့လှသော ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတရင်းသည်လည်း မိုးအေးအေးမှာ စစ်ဆင်ရေးမထွက်နိုင်ဘဲ ငြိမ်နေကြရသည်။ ရိုင်ဖယ်သေနတ် ကို ဖြုတ် တပ် ဆီတိုက်နေရာမှ […]

သရော်စာ

ကပ်သုံးပါး

■ စာ​ရေးသူ ​​​ဂေါင်းဖြူ (​​တောင်ပိုင်းစစ်​ဒေသ) ရေးသား​သော “​​ကပ်သုံးပါး” ​​​သ​ရော်စာကို မြင့်ထက်​အောင် ရွတ်ဖတ်ထား​ပါသည်။ – The Call ရဲ့ YouTube Channel (https://youtube.com/@thecall2022) တွင်လည်း Audio Book များကို ခံစားနားဆင်နိုင်ပါတယ်။