ပြန်ဆုံကြေး

by The Call
100 views

“ပြန်ဆုံကြေး”

◼️ဆူးနတ်သန်

မပျော်နဲ့ဦး အချစ် 

ဝမ်းနည်းလည်း မနေနဲ့ဦး 

ပွဲက မသိမ်းသေးဘူး။

မျက်ရည် စက်လက် ဖြစ်လို့မရဘူး 

ခွက်ထိုးခွက်လန် ရယ်လို့မရဘူး

ဥုံဖွဆိုပြီး မန်းမှုတ်လို့မရဘူး

တစ်ချက်မှားရုံနဲ့ သေနိုင်တယ် 

တစ်လှမ်း လှမ်းလိုက်တာနဲ့ ပန်းတိုင်ရောက်နိုင်တယ် 

မချစ်လို့မှ မဟုတ်တာပဲ 

အသက်တွေ ဘယ်လောက်ကြီးကြီး 

အချစ်ခရီးက တွင်နေမှာပဲ။

ဘာလို့ ခေါင်းငုံ့နေမလဲ 

ခေါင်းမော့ထား အချစ် 

သက်တန့်တွေ မြင်ရဖို့ 

ဘယ်ခေတ်ရောက်ရောက် အမှန်တရားက 

အလင်းဆုံးဆိုတာ သိရဖို့ 

ဘယ်လောက်မှ မကြာပါဘူး 

ရယ်ရယ်မောမောပေါ့။

ခေတ်ဟာ တို့တစ်တွေကို သယ်ဆောင်ရမယ့်အစား 

တို့တစ်တွေက ခေတ်ကို သယ်ဆောင်ခဲ့တဲ့ ခရီးလေ

ရေဆန် လေဆန်မှာ မြင်နိုင်သူတွေ 

တို့တစ်တွေကို ကြိုကြပြီ။

ကဲ…..ဘယ်လိုလဲ 

လမ်းကို ဖောက်တော့ အရောက်ပြန်ခဲ့တာပေါ့

အသက်ကို ကြေးအကြီးဆုံး လောင်းခဲ့ပြီ

အချစ်ရေ တို့တစ်တွေ 

ပြန်ဆုံကြေး….။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment