2
“အောင်ခင်မြင့်နှင့် ဆုံတွေ့ခဲ့ခြင်း”
■ ဥာဏ်ရောင်ဦး
လည်ပြန်လှည့်ကြည့်စရာမလိုဘဲ အလိုလိုသိနေမယ့် သွေးရောင်လွှမ်း သွေးကွက်တွေနဲ့ ကျည်ဆံတွေကြား သံပြိုင်ကြွေးကြော်ခဲ့တဲ့ ငါတို့အတိတ်တွေ သို့မဟုတ် “အောင်ခင်မြင့်” ရဲ့ “တကယ်မရှိသောနှစ်များ” ကို မျက်ဝါးထင်ထင် ငါအသေအချာမြင်ခဲ့တဲ့ ခုနှစ် နောက်တခုပေါ့။ တကယ်ဆိုတော့လည်း ၂၁ လူထုအရေးအခင်းမှာ ဒီမိုကရေစီအတွက် စတေးခဲ့တဲ့ ငါတို့အသက်နဲ့ဘဝတွေဆိုတာ အဝတ်ဗလာနဲ့ သင်ဇာဝင့်ကျော်ဓာတ်ပုံတွေလောက် နောက်ပိုင်းမှာ ဘယ်သူမှ feel မလာကြတော့တာကို လက်မခံချင်လည်း ငါတို့လက်ခံခဲ့ရတာပဲလေ။ တခါက ငါကြည့်ဖူးတဲ့ Peaky Blinders ဇာတ်လမ်းထဲမှာ ဂရေ့စ်က တွန်မီ့ကို သူဆိုမယ့် အဆွေးသီချင်းကို နားထောင်ရင် အသည်းကွဲမှာနော်လို့ ပြောတော့ အရင်ကတည်းက ကွဲနှင့်ပြီးသားလို့ တွန်မီ ပြန်ပြောခဲ့သလို ငါတို့ဟာလည်း ငါတို့သမိုင်းမှာကတည်းက သေဆုံးထားပြီးသားမဟုတ်လား။ ဒီတော့ သေဆုံးပြီးသား ငါတို့ဘဝတွေအတွက် ဘာများ ရွေးချယ်စရာ ကျန်သေးလို့လဲ…။ သေလည်းမထူး နေလည်းမပျော်တော့တဲ့ အဲဒီနှစ်တွေမှာ ငါ့ ကယ်ဒီးနားနောက်ခန်းထဲ ဒိုင်းနမိုက် အပြည့်တင်ပြီး ရန်ကုန်မြို့အနှံ့ လျှောက်ဒိုးနေခဲ့တာ နှစ်ပရိစ္ဆေဒ ဘယ်လောက်ကြာသွားမှန်းတောင် ငါမသိခဲ့။ ဒါပေမဲ့ ငါအသေအချာသိနေခဲ့တာတခုက ငါ့လျှာကြွက်သားတွေ ထွက်လောက်တဲ့အထိ ငါ့စော်ပျော့ခွေသွားအောင် မွှေနှောက်ခဲ့တာကိုပေါ့။ ငါတို့သမိုင်းတွေကို ပြန်မွှေနှောက်ကြည့်ရင်လည်း သွေးညှီနံ့တွေနဲ့ ပျော့ခွေနေတဲ့ ရုပ်အလောင်းတွေသာ ထွက်ကျလာမယ်ဆိုတာ ထင်မှတ်မှားစရာမရှိဘူး။ သို့ပေမယ့်လည်း ကျိုက္ကဆံကွင်းထဲ ကားထိုးလို့ ငါ့ဆော်နဲ့ ဖြည်ပြီးပြန်လာတဲ့ညက တာမွေအဝိုင်းထိပ်မှာ ပွိုင့်မိနေတုန်း ငါကားဘေးလာယှဉ်ရပ်တဲ့ SE အဖြူရောင် ဆလွန်းကားပေါ်က 501 ဂျင်းဘောင်းဘီ၊ Guy Laroche Shirt ဝတ်ထားတဲ့ ဘဲတပွေဟာ ဘေးကစော်တပွေရဲ့ ပေါင်ကြားထဲ လက်နှိုက်လို့ Gun and Roses ရဲ့ Welcome to the jungle ကို အကျယ်ကြီး အော်ဆိုနေခဲ့တာ ခေတ်ကြီးထဲ သူတယောက်ထဲ ရှိနေသည့်အလား။ ဒီဘဲကို ငါမသိပေမဲ့လည်း အသေအချာ မှတ်မိနေခဲ့တာတော့ ငါ့အတွက် အံ့သြစရာ မဖြစ်ခဲ့။ နောက်ဆုံး ခေတ်ဆိုးကြီးထဲ ကားကို မောင်းမထွက်သွားခင် ငါ့ကို တည့်တည့်ကြည့်ပြီး ဒီဘဲ ပြောသွားခဲ့တာ “တကယ်တော့ အဲဒီနှစ်တွေဆိုတာ တကယ်မရှိပါဘူး” တဲ့…။ ဒီတော့မှ ငါ့စော်ဗိုက်ရဲ့ ချက်အောက်တည့်တည့် ဆီးခုံအထက်မှာ ရှိနေခဲ့တဲ့ ကန့်လန့်ဖြတ် ချုပ်ရိုးကြောင်းကြီးကို ငါ သတိထားမိတော့တယ်…။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
