2
Johnny Walker
“ငါ့ဘဝထဲကဆိုင်တွေအကြောင်း”
ငါငယ်ငယ်တုန်းက အရုပ်ဆိုင်။
ငါနဲနဲအသက်ကြီးလာတော့ စာအုပ်အငှားဆိုင်။
ငါလူပျိုပေါက်ဘဝ လက်ဖက်ရည်ဆိုင် အဝတ်ထည်ဆိုင် Videoခွေငှားဆိုင် စာအုပ်အရောင်းဆိုင် စာအုပ်အဟောင်းဆိုင်။
ငါတက္ကသိုလ်ရောက်တော့ စိုင်းထီးဆိုင် အရက်ဆိုင် စာအုပ်အရောင်းဆိုင် စာအုပ်အဟောင်းဆိုင်။
ငါအလုပ်ဝင်တော့ ဘီယာဆိုင် စိုင်းထီးဆိုင် အရက်ဆိုင် စာအုပ်အရောင်းဆိုင် စာအုပ်အဟောင်းဆိုင်။
ခုကျတော့ ဘီယာဆိုင် အရက်ဆိုင် စိုင်းထီးဆိုင်။
အရာရာထပ်တူမကျပေမယ့်လို့ အပြန်အလှန်ကွက်လပ်ဖြည့်လို့ရတဲ့ လိင်မတူရင်သားပါနှလုံးသားလေးတခု ပိုင်ဆိုင်။
အပိုဆုအနေနဲ့
အသက်သွေးရင်းလို့ နေ့စဥ်ဘဝကို လူယုတ်မာတွေလက်ထဲကနေ ပြန်ဆယ်ယူနေရတဲ့
ခေတ်ကြီးတခုကို အလိုမတူဘဲပိုင်ဆိုင်။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
